MSS 7: ခွင့်လွှတ်တတ်သောအကျွန်ုပ်တို့၏ဘုရားသခင်
သင်ခန်းစာ (၇)
ခွင့်လွှတ်တတ်သောအကျွန်ုပ်တို့၏ဘုရားသခင်
နိုဝင်ဘာ ၉ – ၁၅
ဥပုသ်နေ့မွန်းလွဲပိုင်း နိုဝင်ဘာ ၉
ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၉း၁-၃။ ဒံ ၉း၄-၁၉။ နေဟမိ ၉း၄- ၈။ ကောလောသဲ ၁း၁၆၊၁၇။ နေဟမိ ၉း၉-၃၈။ ရောမ ၅း၆-၈။
အလွတ်ကျမ်းချက်
“မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ် ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်” (သုတ္တံ ၂၈း၁၃)။
တဲထိုးပွဲတော် (sukkot) ပြီးဆုံးသွားသည်နှင့် ခေါင်းဆောင်ကြီး များသည် လူတို့ကိုတစ်ဖန်ပြန်၍စုရုံးစေပြန်သည်။ ပွဲတော်ကျင်းပပြီးစီးစဖြစ် ၍ ယခုတွင်မပြီးဆုံးသေးသောဝန်ချတောင်းပန်ခြင်း၊ နောင်တရခြင်းအမှုကို ဆက်လက်၍ဘုရားသခင်ရှေ့တော်၌ဖော်ပြရန်ဖြစ်သည်။
လွန်ခဲ့သောအချိန်၌ ခေါင်းဆောင်ကြီးများသည် လူထုကြီးကိုငိုကြွေး မြည်တမ်းခြင်းမပြုကြရန်၊ ဝန်ချခြင်းနှင့်ငိုကြွေးမြည်တမ်းခြင်းသည် အရေးမကြီး သေးသောအချိန်ဖြစ်သည်ဟုဆိုကြသည်။ ယခုတွင်မူ ပွဲတော်ကျင်းပခြင်းပြီးဆုံး ပြီဖြစ်သောကြောင့် ဝန်ချတောင်းပန်ရမည့်အချိန်ကို ပြန်လည်ပြုလုပ်ရန်ဖြစ်သည်။ အစီအစဉ်အတိုင်းသုံးသပ်ကြည့်သောအခါ၊ ဝမ်းမြောက်ရွှင်လန်းခြင်း နှင့်အပြစ်ဝန်ချခြင်းများသည် လိုအပ်သောအရာများမဟုတ်ဟူ၍လည်း အဓိပ္ပါယ် မ သက် ရောက်ပါ။ စီစဉ်သောအစီအစဉ်အတိုင်း ပြန်လည်လုပ်ဆောင် ရမည်ဟူ၍လည်းမဟုတ်ပါ။ အပြစ်ဝန်ချခြင်းကို ကျွန်ုပ်တို့သည် ဦးစွာပြု တတ်ကြသည်။ နောက်တွင်မှ အောင်ပွဲခံခြင်းအမှုကိုပြုလုပ်လေ့ရှိသည်။ ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားရှင်နှင့်အတူအောင်ပွဲခံခြင်းကို ဦးစွာလုပ်ဆောင် သင့်မည်ဟုယူဆပါသည်။ ခြုံငုံကြည့်သော် ရောမ ၂း၄ ၏ဖော်ပြချက်အရ၊ “ဘုရားရှင်၏ကောင်းမြတ်တော်မူခြင်း” သည် ကျွန်ုပ်တို့၏နောင်တတရားကို ဖြစ်ပေါ်လာစေပါသည်။ ကိုယ်တော်၏ “ကောင်းမြတ်ခြင်း” ကြောင့် ချီးမွမ်း ခြင်း၊ ပွဲကျင်းပခြင်းများပြုလုပ်ရသည်။ တစ်ချိန်တည်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခွင့်လွှတ်တော်မူကြောင်းကိုလည်းကောင်း၊ အပြစ်မှဆေးကြောပစ် လိုက်ခြင်းကိုလည်းကောင်း ပြန်လည်ပြုပြင်ပေးခြင်းကိုလည်း သတိရအောက်မေ့ စေပါသည်။
တနင်္ဂနွေ နိုဝင်ဘာ ၁၀
အစာရှောင်ခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း
နေဟမိ ၉း၁-၃ ကိုဖတ်ပါ။ အမျိုးစစ်ယုဒအနွယ်များသည် တစ်ပါး အမျိုးသားများနှင့် မည်သည့်အတွက်သီးသန့်ခွဲခြားနေကြသနည်း။
————————————————————————————————————————————–
နေဟမိသည် လူထုကြီးကိုဝမ်းမြောက်ပျော်ရွှင်ရမည်ဟု သတ်မှတ် ခဲ့သော်လည်း၊ ယခုတွင် အစာရှောင်ခြင်းအမှုကိုပြုကြရန် အားလုံးကိုစုရုံးစေ ပြန်သည်။ ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချလျက် ခေါင်းပေါ်သို့မြေမှုန့် များတင်ကြ၏။ လျှော်တေအဝတ်ကိုဝတ်ကြ၏။ တစ်ပါးအမျိုးသားများမှာ အပြစ်ကျူးလွန်ခဲ့သူများမဟုတ်၊ ဣသရေလလူမျိုးများသာ မိမိတို့ပြုခဲ့သော အပြစ်ကို ကိုယ်တော်ခွင့်လွှတ်တော်မူရန်တောင်းပန်ကြသည်။ လူမျိုး၏အပြစ် ကြောင့် တိုင်းတစ်ပါးသို့ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်ကို အမှတ်ရ ကြသည်။
သူတို့၏ဆုတောင်းခြင်း၊ ဝန်ချခြင်း၌ နက်နဲလှသောအပြစ်၏အကျိုး ကိုသဘောပေါက်သည်ဟု ဖော်ပြကြသည်။ ဣသရေလလူမျိုးများသည် ရှေ့လူကြီးများ၏လမ်းပြမှုလွဲချော်ခြင်းကြောင့် ကျွန်သဘောက်ဘ၀ရောက်ရခြင်း ကို အမျက်ထွက်နိုင်သည်။ ခေါင်းဆောင်တို့၏ရွေးချယ်မှုလမ်းမှားယွင်းခြင်း အပေါ် အပြစ်ပြောဆိုဝေဖန်နိုင်သည်။ ဘုရားသခင်အလိုအတိုင်းမလိုက်ခဲ့သော ရှေးမျိုးဆက်များကိုအပြစ်ပြောနိုင်သည်။ ယခုအခြေအနေမျိုးရောက်အောင် လူနည်းစုကလေးဖြစ်ရပြီး၊ မျက်နှာငယ်ငယ်ဖြင့် ပြိုပျက်သောနေရာသို့ပြန်လာ ရသည့်အဖြစ်ကို အော့နှလုံးနာနိုင်သည်။ မည်သို့ဖြစ်စေ၊ မုန်းတီးခါးသီးမှုနှင့် မြည်တမ်းငိုကြွေးနေမည့်အစား သူတို့သည် ဘုရားရှင်ထံသို့ နှိမ့်ချလျက်ဝန်ချ တောင်းပန်ကြ၏။
နေဟမိ ၉း၃ ၌ ဖော်ပြချက်အရ၊ လူတို့သည် လေးရက်မြောက် နေ့အထိ ဘုရားရှင်၏ပညတ်တော်ကိုဖတ်ရွတ်ကြသည်။ နောက်ထပ်လေးရက် ထပ်မံဖတ်ရွတ်ပြန်၏။ ဝန်ချတောင်းပန်ကြ၏။ ကိုးကွယ်ဝတ်ပြုခြင်းပြုကြ၏။ ထိုသိုဖတ်ရွတ်ခြင်းသည် “တိုရပ်” ကို တတိယအကြိမ်မြောက်ဖတ်ရွတ်ခြင်း ဖြစ်သည်။ “တိုရပ်” ကျမ်းကိုဖတ်ရွတ်ရခြင်း၏ရည်ရွယ်ချက်မှာ အပြစ်ဝန်ချ ခြင်းသည် အမှန်အကန်ဖြစ်ရန်၊ ဘုရားသခင်၏မိန့်မှာချက်အတိုင်းဖြစ်ရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ဘုရားသခင်နှင့် နီးကပ်ရန် သန့်ရှင်းသောဝိညာဉ်တော်၏သွန်သင်မှုကိုခံယူရန်ဖြစ်၏။ နှုတ်ကပတ်တော်၏အမှန်တရားများသည် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားများကို မှန်ကန်အောင်ပြုစေပါသည်။ ကျွန်ုပ်တို့ကိုခွန်အား ဖြစ်စေ၍ ဖေးမပေး၏။ ဣသရေလလူတို့သည် “တိုရပ်” ကျမ်းကိုဖတ်ရင်း ငိုကြွေးကြသည်။ ဝမ်းနည်းကြသည်။ ဘုရားရှင်နှင့်အတူရှိခြင်းသည် ကျွန်ုပ် တို့ခွန်အားနည်းခြင်းအားလုံးကို မေ့ပျောက်သွားစေသည်။ ဘုရားရှင်ကို စကြ၀ဠာဖန်ဆင်းရှင်အဖြစ် သိမှတ်ခွင့်ရသည်။ ကျွန်ုပ်တို့အသက်တာ၌ ဘုရားရှင် မပါရှိခဲ့သော်၊ ဘိုးဘေးများတို့၏သဘောအတိုင်း ထင်ရာစိုင်းသည့်ဓလေ့မျိုး ပြန်ဖြစ် လာမည်။ ဘုရားရှင်သာလျှင် ကျွန်ုပ်တို့လျှောက်လှမ်းသင့်သောလမ်း ကို ပို့ဆောင်နိုင်စွမ်းသူဖြစ်သည်။
ဒံ ၉း၄-၁၉ ကိုဖတ်ပါ။ ဒံယေလ၏ဆုတောင်းချက်၌ပါရှိသကဲ့သို့ ယနေ့ကျွန်ုပ်တို့မည်သို့ဆုတောင်းသင့်သနည်း။ ကျွန်ုပ်တို့တစ်ဦးစီနှင့်အသင်း တော်တစ်ခုလုံးအတွက် ထိုဆုတောင်းချက်မျိုးသည် မည်သို့သတိပေးနေပါ သနည်း။
တနင်္လာ နိုဝင်ဘာ ၁၁
ဆုတောင်းချက်ကိုအစပြုခြင်း
“တိုရပ်” ကျမ်းကိုဖတ်ကြားနာယူခြင်းကို တုံ့ပြန်ချက်အနေဖြင့် ရှည်လျားသောဆုတောင်းခြင်းကိုပြုလျက် ဘုရားရှင်၏ကောင်းမြတ်ခြင်းနှင့် ဣသရေလလူမျိုးတို့သစ္စာရှိခြင်းအကြောင်းရာဇဝင်သမိုင်းကို ပြန်လည်ရေတွက် ရွတ်ဆိုကြသည်။ အပြင်ပန်းကြည့်သူတစ်ဦးအနေဖြင့် ဆုတောင်းခြင်းသည် တရားဟောနေခြင်းနှင့်ပင်တူနေသည်။ အဘယ်ကြောင့်ဆိုသော် ရွတ်ဆိုသော စကားတိုင်း၌ ကျမ်းစကားနှင့်ယှဉ်၍ရွတ်ဆိုခြင်းပင်ဖြစ်သည်။
နေဟမိ ၉း၄-၈ ကိုဖတ်ပါ။ အစပြုရေးသားသောအပုဒ်တိုင်း၌ မည်သည့်အဓိကအချက်နှင့်စတင်ဆုတောင်းသနည်း။ အဘယ်ကြောင့်နည်း။
————————————————————————————————————————————–
ဆုတောင်းချက်၏ပထမပိုင်း၌ ထာ၀ရဘုရားကို လူတို့သည်ချီးမွမ်း ကြ၏။ အထူးသဖြင့် နာမတော်ကိုဂုဏ်ပြုချီးမွမ်းသည်။ ဟေဗြဲလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ၊ နာမည်ကိုခေါ်သောအခါ လူတစ်ဦးတစ်ယောက် ကိုခေါ်ဆိုရုံသက်သက်မဟုတ်ပါ။ အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ထား သေးသည်။ သို့ဖြင့်ထာ၀ရဘုရား၏နာမတော်ကို ချီးမွမ်းခြင်းပြုသောအခါ ကမ္ဘာသူကမ္ဘာသားများတို့၏ရှေ့၌ ဘုရားရှင်သည် ချီးမွမ်းထိုက်ကြောင်း ဂုဏ်ပြုထိုက်ကြောင်းကို ပြသခြင်းဖြစ်သည်။ ထာ၀ရဘုရား၏နာမတော်သည် စကြ၀ဠာကိုဖန်ဆင်းသောအရှင်နှင့် အရာအားလုံးကိုထိန်းသိမ်းထားသော တန်ခိုး ရှင် ဖြစ် သည်ဟု စတင်ဆုတောင်းရာတွင် ဝတ်ပြုကိုးကွယ်ခြင်းနှင့်အတူ တွဲ၍ ချီးမွမ်းထောမနာပြုကြသည်။ (နေဟမိ ၉း၆။ ကောလောသဲ ၁း၁၆၊ ၁၇ ကိုလည်းဖတ်ပါ။) “ထိန်းသိမ်းသည်” ဟူသောစကားသည် ဟေဗြဲသဒ္ဒါ မှကြိယာအသုံးနှုန်းဖြစ်ပြီး၊ “အသက်ရှင်အောင်ထားသည်” ဟုအဓိပ္ပါယ်ရသည်။ အရာအားလုံးကိုဖန်ဆင်းခဲ့သူသည် အာဗြဟံကိုရွေးကောက်တော်မူ သောသူဖြစ်သည်။ အာဗြဟံသည် သာမန်ရိုးရိုးလူတစ်ဦးသာဖြစ်သည်။ ထူးခြားသောပုဂ္ဂိုလ်လည်းမဟုတ်ပါ။ ကိစ္စများစွာ၌ အာဗြဟံသည် ယုံကြည် ခြင်းမပြည့်စုံသူဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သားကိုပေးရမည်ဟုတောင်း ရာ၌ အာဗြဟံမငြင်းဆိုခဲ့။ (ကမ္ဘာဦး ၂၂)။ တစ်ညတာအတွင်းသစ္စာရှိရန် သင်သူမဟုတ်ဘဲ တစ်သက်စာသစ္စာရှိရန် ဘုရားရှင်နှင့်အတူလျှောက်လှမ်းသူ ဖြစ်သည်။ ဟေဗြဲလူမျိုးတို့၏အတွေးအခေါ်အရ၊ နှလုံးသားသည် ဦးနှောက် အသိဥာဏ်နှင့်ဆက်နွှယ်နေသည်။ တစ်နည်းဆိုရသော်၊ အာဗြဟံသည် သစ္စာ ရှိခြင်းကိုခံယူချက်အတွေးနှင့်လည်းကောင်း၊ ပြုမူချက်အားဖြင့်လည်းကောင်း ကြိုးစားနေခြင်းကို ဘုရားသခင်အသိအမှတ်ပြုတော်မူသည်။ ပထမပိုင်းဆုတောင်းချက်နိဒါန်းစကားစုအနည်းငယ်ကို ထာ၀ရဘုရား အားချီးမွမ်းခြင်းဖြင့် (၁) ဖန်ဆင်းရှင်၊ (၂) ထိန်းသိမ်းထားသူနှင့် (၃) ကတိ ပြုသူဟုတင်စားဆုတောင်း၏။ လူများတို့သည် မိမိတို့ကိုယ်ကို ဘုရားရှင်အား သတိရစေရန်နှိုးဆော်ကြသည်။ ကိုယ်တော်သည် သစ္စာရှိသောဖန်ဆင်းရှင်၊ ကျွန်ုပ်တို့ကိုထိန်းကျောင်းပေးသူနှင့် အစဉ်သစ္စာတော်တည်မြဲကြောင်း၊ ကတိ တော်တည်ကြောင်းကိုရွတ်ဆိုကြသည်၊ ချီးမွမ်းကြသည်။ ထိုသို့သောအကြောင်း များကို ကျွန်ုပ်တို့စိတ်ထဲထားရှိခြင်းသည် ကျွန်ုပ်တို့အသက်တာ၌ ကိုယ်တော် ကိုကိုးစားခြင်းနှင့်မျှော်လင့်စရာဖြစ်စေသည်။ ခက်ခဲကြမ်းတမ်းသောအချိန်အခါ မျိုး၌ပင် ကိုယ်တော်ကိုအားကိုးခြင်းစိတ်ဖြစ်စေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်ဝေးကွာနေ၍ ကျွန်ုပ်တို့ရင်ဆိုင်ရသောစိန်ခေါ်မှုကို အရေးမထား ပေးဟု ထင်ယောင်ထင်မှားဖြစ်သည့်တိုင် မျှော်လင့်ခြင်းခွန်အားကိုရရှိစေပါသည်။ ထာ၀ရဘုရားသည် ဖန်ဆင်းရှင်ဖြစ်ကြောင်းကို ကျွန်ုပ်တို့၏ယုံကြည် ချက်၊ သွန်သင်ချက်၌ အဘယ်ကြောင့်ဗဟိုပြုထားရသနည်း။ အခြားအရေး အလွန်ကြီးသောသွန်သင်ချက်များသည် ၎င်းသွန်သင်ချက်နှင့်နှိုင်းယှဉ်နိုင်ပါ သလား။ ဘုရားရှင်ကိုဖန်ဆင်းရှင်အစစ်အမှန်ဖြစ်ကြောင်း ပြန်လည်သတိရ အောက်မေ့ဖို့ရန် ခုနစ်ရက်တစ်ကြိမ်၊ ခုနစ်ပုံတစ်ပုံသောအချိန်ကိုစောင့်ထိန်း ခိုင်းပါသလား။ မည်မျှအရေးကြီးပါသနည်း။
အင်္ဂါ နိုဝင်ဘာ ၁၂
အတိတ်မှရရှိသောသင်ခန်းစာ
နေဟမိ ၉း၉-၂၂ ကိုဖတ်ပါ။ ယခုဆုတောင်းချက်အပိုင်းသည် ယခင်ကနဦးဆုတောင်းချက်နှင့် မည်သို့ကွာခြားသနည်း။
————————————————————————————————————————————–
ဘုရားသခင်သည် သစ္စာတည်သော်လည်း သစ္စာမတည်သော ဣသရေလအမျိုးတို့ကြောင့် အဲဂုတ္တုပြည်မှာလည်းကောင်း၊ တောထဲလှည့်လည် ရ၍ ဒုက္ခရောက်ခဲ့ရခြင်းအကြောင်းကို နာမတော်အားချီးမွမ်းဂုဏ်ပြုခြင်းမှ ဒုတိယပိုင်းအဖြစ် ပြောင်းလဲဆုတောင်းခြင်းပြုကြသည်။ ဣသရေလတို့ကို ဘုရားသခင်ချပေးတော်မူသောအရာတို့ကို အစီအစဉ်တကျပြန်၍ရွတ်ဆိုကြ သည်။ သို့သော် ထိုသို့ချပေးသောကောင်းချီးများကို ဘိုးဘေးတို့သည် မှားယွင်း သောတုံ့ပြန်ခြင်းဖြစ်သည့် ကြွားဝါခြင်း၊ ခေါင်းမာခြင်း၊ ကရုဏာတော်ကို ရှုတ်ချခြင်း အစရှိသည်တို့ကိုပြုလုပ်ကြ၏။
လူသားတို့၏မပြည့်စုံခြင်းနှင့် ထာ၀ရဘုရားကိုမှန်ကန်စွာချဉ်းကပ် ခြင်းမရှိ စသည့်အရေးကြီးသောအကြောင်းများကို ဝန်ချတောင်းပန်ခြင်းနှင့် နောင်တရခြင်းတွင် အရေးကြီးသောအဆင့်တစ်ဆင့်ဖြစ်သည်။ ထိုကျမ်းချက် များကို လူတို့အားပြောပြ၍ ကျွန်ုပ်တို့အထဲမှထုတ်ပစ်ရန်ပြောဆိုသော်လည်း၊ လူတိုင်း၌ထိုသို့ရှိနေကြောင်းကို ငြင်းဆို၍မရနိုင်ပါ။
ဧဝံဂေလိသည် ကျွန်ုပ်တို့အတွက်သော်လည်းကောင်း၊ ထိုသူတို့ အတွက်သော်လည်းကောင်းဖြစ်၏။ ကျွန်ုပ်တို့အပြစ်ဝန်ချခြင်းသည် ကျွန်ုပ် တို့ကိုမကယ်တင်နိုင်သေးပါ။ ကျွန်ုပ်တို့အတွက်ကိုယ်စားအသေခံသော ခရစ်တော်၏ပူဇော်ခံခြင်းသာ ကျွန်ုပ်တို့ကိုကယ်တင်ခြင်းပေးနိုင်သည်။ အပြစ် ဝန်ချခြင်းနှင့်တစ်ဆက်တည်း နောင်တရခြင်းပါလာသည်။ ခရစ်တော်အားဖြင့် သာ ကျွန်ုပ်တို့သန့်ရှင်းဖြူစင်ခြင်းရရှိနိုင်ကြောင်းကို သဘောပေါက်စေသည်။
“နောင်တစိတ်နှင့် သခင်ခရစ်တော်ကိုယုံကြည်လာသောအချိန်မှာ သခင်ဘုရား သည် ကျွန်ုပ်တို့၏အပြစ်ကိုလွတ်ငြိမ်းခွင့်ပေးသည်။ ပညတ်တော်ကိုချိုးဖောက် ခဲ့မှုအပေါ် ခံရမည့်အပြစ်ဒဏ်ကိုလည်း ရုပ်သိမ်းလိုက်သည်။ ထိုအချိန်၌ အပြစ်သားသည် ထာ၀ရဘုရား၏ရှေ့တော်၌ သန့်ရှင်းသူအဖြစ်ရပ်တည်နေ ရသောအခွင့်ရှိသည်။ ခရစ်တော်သည် ခမည်းတော်၏မျက်နှာသာပေးခြင်းကို ခံရသည်။ ခမည်းတော်နှင့်သားတော်တို့၏စိတ်သဘောသည် တစ်လုံးတစ်၀ တည်းဖြစ်၏။” Ellen G white, Selected Messages, Book 3, p. 191
တစ်ချိန်တည်း၌ ကိုယ်တော်၏ကောင်းမြတ်ခြင်းကြောင့် ကျွန်ုပ်တို့ ဝန်ချခြင်းနှင့်နောင်တတရားကိုရရှိစေပါသည်။ ထာ၀ရဘုရား၏တန်ခိုးတော် အားဖြင့် ရှိသမျှအပြစ်အလုံးစုံကို ဖြေလွှတ်ခွင့်ရရှိသည်။
အခြေအမြစ်ကိုစစ်သော် ဣသရေလလူတို့သည် လည်ပင်းခိုင်မာခဲ့ သည်။ ဘုရားသခင်ချစ်သနားခြင်းကိုခံခဲ့ရပါသည်။ နောက်ကြောင်းရာဇဝင် ကိုပြန်လှန်ကြည့်သော်၊ လွန်ခဲ့သောအချိန်တွင် ဘုရားသခင်သည် များစွာ သောအမှုကို သူတို့အဖို့ပြုတော်မူခဲ့သည်။ ပစ္စုပ္ပန်၌လည်း ဆက်လက်ဂရုပြု တော်မူလိမ့်မည်။ ထိုနည်းတူ အနာဂတ်ခရီးလမ်း၌လည်း ကြည့်ရှုစောင်မ တော်မူလိမ့်မည်။ ထိုသို့ရှိသောကြောင့် လူတို့သည် ဘုရားသခင်စောင်မတော် မူခဲ့ခြင်းသမိုင်းကို အစဉ်သတိရအောက်မေ့လျက်၊ အစဉ်ကိုးစားယုံကြည်ရန် လိုသည်။ သူတို့မေ့လျော့သွားခဲ့သော်၊ မေ့လျော့သောအချိန်မှာပင် ဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြသည်။
သင်၏အသက်တာနောက်ကြောင်းကိုပြန်ကြည့်ပါ။ ဘုရားရှင်စောင်မ တော်မူခဲ့ခြင်းအကြောင်းကို အောက်မေ့သတိရပါ။ ထိုသင်ခန်းစာကိုယူ၍ ရှေ့ရင်ဆိုင်ရန်ပြဿနာကို မည်သို့ရင်ဆိုင်မည်နည်း။ သင်ခွန်အားကုန်ခန်း နှုံးချည့်ကျသောအချိန်မျိုး၌ အလွန်စိတ်ဓာတ်ကျဆင်းလိမ့်မည်။ ထိုသို့အချိန် မျိုးတွင် ဘုရားရှင်ကောင်းမြတ်တော်မူခဲ့ခြင်းအကြောင်းကို ကိုးစားလျက်၊ မည်သို့သာ၍ကောင်းမွန်သောရင်ဆိုင်မှုဖြင့် ဆက်လက်၍အနာဂတ်ကိုရင်ဆိုင် မည်နည်း။
ဗုဒ္ဓဟူး နိုဝင်ဘာ ၁၃
ပညတ်နှင့်ပုရောဖက်များ
နေဟမိ ၉း၂၃-၃၁ ကိုဖတ်ပါ။ ဣသရေလလူမျိုးများသည် ထာ၀ရ ဘုရားသခင်၊ ကြီးမားသောကောင်းမြတ်ခြင်းအကြောင်းကို မည်သို့ဖော်ပြသနည်း။
————————————————————————————————————————————–
ဆက်လက်၍ နောက်ထပ်ဆုတောင်းခြင်းအပိုင်းတွင် ဘုရားသခင် ပေးသနားတော်မူသော ခါနာန်ပြည်ကိုဝင်ရောက်ပိုင်ဆိုင်ရခြင်းအကြောင်းကို ရွတ်ဆိုဆုတောင်းပြန်သည်။ လက်ထဲ၌ မြေကွက်၊ နေစရာမြို့၊ စပျစ်ဥယျာဉ်၊ လယ်ကွက်များပိုင်ဆိုင်ရသော်လည်း သဘောတူခွင့်ပြု၍ အလုံးစုံတို့ကိုသိမ်းပိုက် ပြီး၊ အခန်းငယ် (၂၅) ၏အဆုံးပိုင်း၌ “၀စွာစားသောက်လျက်၊ အသား ဆူဖြိုး၍ ကျေးဇူးတော်ကြွယ်၀ခြင်း၌မွေ့လျော်ကြ၏” ဟုဖော်ပြသည်။ ဆူဖြိုး ခြင်းဟူသောစကားကို သမ္မာကျမ်းစာ၌ ကျမ်းချက်အနည်းငယ်မျှသာဖော်ပြ ထားပြီး (တရားဟော ၃၂း၁၅ နှင့် ယေရမိ ၅း၂၈) ဖော်ပြချက်တိုင်း မကောင်းသည့်ဂယက်အနက်ဘက်သို့သွားနေ၏။
လူတို့သည် ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ဝမ်းမြောက်ရွှင်မြူး ကြရမည်။ သို့သော် ကိုယ်တော်ရှင်ထာ၀ရဘုရား၌ ရွှင်မြူးခြင်းမပြုခဲ့ကြပါ။ သူတို့၌ရှိသောပိုင်ဆိုင်မှုများဖြင့် ရွှင်လန်းဝမ်းမြောက်ကြ၏။ အရာရာတိုင်းကို ကြည့်သော် လူတို့သည် ဘုရားသခင်နှင့်နီးကပ်စွာနေခြင်းမရှိကြ။ များသော အချိန်၌ “အကယ်၍ ငါ၌ဤအရာ၊ ထိုအရာများရှိလျှင် ပျော်ရွှင်ရလိမ့်မည် ဟုတွက်ဆကြသည်။ အကြောင်းမလှ၍ ဣသရေလလူမျိုးများသည် ဘုရားသခင်ထံမှပိုင်ဆိုင်မှုအလုံးစုံသွန်းလောင်းခံခဲ့ရသည်။ ထိုဥစ္စာပစ္စည်းများ နှင့်ပျော်မွေ့ရခြင်းသည် ဘုရားရှင်နှင့်ဆက်သွယ်ခြင်းကို လျော့ကျသွားစေပြန် သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့သည် လက်ဆောင်ရရှိသောအခါ၊ လက်ဆောင်ပေးသူကို မေ့လျော့တတ်ကြသည်။ မှားယွင်းသောဆူဖြိုးခြင်းဟူ သည်မှာ ထိုသို့ဆိုလိုခြင်းပင်ဖြစ်သည်။
မှန်ကန်လွန်းအားကြီးသောအချက်မှာ ကျွန်ုပ်တို့သည် ဘုရားရှင်ပေး သောအရာများနှင့်မပျော်ပိုက်နိုင်ပါဟူ၍ အဓိပ္ပါယ်မရှိပါ။ ကျွန်ုပ်တို့ပျော်ရွှင် လန်းဆန်းစေရန် ကိုယ်တော်လက်ဆောင်မွန်များပေးခဲ့သည်။ သို့သော် ကိုယ်တော်ပေးသောပျော်ရွှင်မှုဆူဖြိုးခြင်းသည် ကိုယ်တော်နှင့်ဆက်သွယ်ပေးပါ သည်ဟု အာမခံချက်မရှိပါ။ ထို့အတွက် ကျွန်ုပ်တို့သတိမမူလျှင်၊ ထိုသို့ ဆူဖြိုးခြင်းများသည် ခလုတ်တံသင်းဖြစ်သွားရနိုင်သည်။ ထိုသို့ဖြစ်ငြားသော် လည်း ယခုအခန်းကြီးတွင်ဖော်ပြချက်မှာ ခေါင်းဆောင်များသည် မိမိတို့၏ သစ္စာပျက်ခြင်းအတွက် ဘုရားရှင်ကိုဝန်ချတောင်းပန်ကြသည်။ နောက်ကြောင်း သမိုင်းကိုပြန်၍စစ်ဆေးမိသောအခါ ကျူးလွန်သမျှသောအရာတို့ကို ပြန်လည် ရေတွက်ကာ၊ တစ်ခုပြီးတစ်ခုရွတ်ဆိုကြသည်။ ရှုထောင့်အမျိုးမျိုးမှကြည့် သော် ထိုသို့ရွတ်ဆိုခြင်းသည် အလွန်အရေးကြီးကြောင်းတွေ့ရသည်။
(၁) ဣသရေလလူမျိုးများ ဘုရားရှင်၏ပညတ်ချက်ကိုဘေးဖယ်ခဲ့ကြသည်။
(၂) ပုရောဖက်တို့ကိုနှိပ်စက်ညှဉ်းပန်းကြသည်။
တစ်နည်းအားဖြင့် သူတို့သည် ဘုရားသခင်၏ပညတ်ချက်နှင့် ပုရောဖက်တို့သည် နိုင်ငံအတွက်နှင့်လူတစ်ဦးစီအတွက် ဖွံ့ဖြိုးမှုရှိရန်အရေးပါ ကြောင်းကိုနားလည်လာသည်။ ဆုတောင်းခြင်းကိုအဆုံးသတ်ပုံမှာ လူတစ်ဦး သည် ဘုရားရှင်၏အလိုတော်အတိုင်းလုပ်ဆောင်လျှင် “အသက်ရှင်စရာ အကြောင်းဖြစ်၏” (နေဟမိ ၉း၂၉)။ ဤကျမ်းချက်သည် ဝတ် ၁၈း၅ ကို တိုက်ရိုက်ကူးယူအသုံးပြုထားသည်။ ထိုအကြောင်းကိုအထူးမီးမောင်းထိုးရခြင်း မှာ သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် ပုရောဖက်များအားဖြင့် ပြောကြား စေသောစကားဖြစ်သည်။ ကျွန်ုပ်တို့အသက်ရှင်၀ပြောဆူဖြိုးစေရန်အတွက် ဘုရားသခင်သည် ပညတ်တော်ကိုပေးထားသည်။ ကိုယ်တော်၏အမှန်တရား ကိုသိရှိနားလည်နိုင်ရန် ကိုယ်တော်သည် မိမိ၏ပုရောဖက်တို့ကိုစေလွှတ်၍ လမ်းပြပို့ဆောင်စေပါသည်။ ပုရောဖက်တို့၏သွန်သင်မှုကို မည်သို့သဘော ပိုက်သင့်ကြောင်းမေးခွန်းသည် ကျွန်ုပ်တို့အားလုံးအတွက်ဖြေဆိုရန်ဖြစ်သည်။
ကြာသပတေး နိုဝင်ဘာ ၁၄
ချီးမွမ်းခြင်းနှင့်အတူအသနားခံခြင်း
နေဟမိ ၉း၃၂-၃၈ ကိုဖတ်ပါ။ ဝန်ချတောင်းပန်ခြင်းနှင့်အတူ ဆုတောင်းခြင်း၏နိဂုံးကို မည်သို့အာရုံစိုက်အဆုံးသတ်ကြသနည်း။
————————————————————————————————————————————–
နောက်တစ်ဖန်ဆုတောင်းခြင်းကို ချီးမွမ်းခြင်းနှင့်အတူ ကိုယ်တော်ရှင် သည် မည်သို့သောဘုရားမျိုးဖြစ်ကြောင်းကို ရွတ်ဆိုပြန်သည်။ ကြီးမြတ် တော်မူ၏။ တန်ခိုးတော်နှင့်ပြည့်၀တော်မူ၏။ ရိုသေဖွယ်ရာဖြစ်တော်မူ၏ စသည်ဖြင့် ချီးမွမ်းရွတ်ဆိုကြသည်။ ပဋိညာဉ်တည်သော ဘုရားကရုဏာ တော်ပြည့်၀သောဘုရားဟုလည်း ဂုဏ်တော်ကိုဖော်ကြူးကြသည်။ ဘုရားရှင် သည် မိမိတို့ အပေါ်၌ကောင်းမြတ်သည်ကို ရိုးသားစွာခံယူကြသည်ဟုပေါ်လွင်၏။ ဘုရားသခင်၏ဖွဲ့ခဲ့သောပဋိညာဉ်များအကြောင်းကိုလည်း အသနားခံ ဆုတောင်းကြသည်။ ယင်းအကြောင်းအရာကို အခန်းကြီး (၁၀) ၌အသေး စိတ်ရေးသားထား၏။ သူတို့၏အသနားခံသည့်စကားများ မည်သည့်အကြောင်း ဖြစ်သနည်း။
“ငါတို့၏ဘုရားသခင်ထာ၀ရဘုရားသည် ကြီးမြတ်၍ကရုဏာတော် ပြည့်၀သောဘုရား၊ တန်ခိုးတော်နှင့်ရိုသေဖွယ်ရာဖြင့်ပြည့်စုံသောဘုရား၊ ပဋိညာဉ်ကိုအစဉ်တည်သောဘုရားဖြစ်တော်မူသည်။ သင်ကြုံတွေ့ရသောဘေး ဒုက္ခအခက်အခဲအားလုံးကို လျစ်လျူရှု၍မထား၊ ငါတို့အပေါ်ကျရောက်သော အခက်အခဲဟူသမျှကို မစကူမတော်မူသောဘုရားဖြစ်သည်။
“သို့ဖြစ်၍ အကျွန်ုပ်တို့ဘုရား၊ ကြီးမြတ်၍မဟာတန်ခိုးနှင့်ပြည့်စုံ လျက် ကြောက်မက်ဖွယ်သောဘုရား၊ ကရုဏာပဋိညာဉ်တော်ကိုစောင့်တော် မူသောဘုရား. . . လူအပေါင်းတို့အပေါ်ရောက်သောဘေးဒဏ်ရှိသမျှကို ပမာမပြုဘဲနေတော်မမူပါနှင့်” (နေဟမိ ၉း၃၂)။
လူအပေါင်းတို့သည် မိမိကိုအုပ်ချုပ်သောမင်းစိုးရာဇာများကို ရိုသေ လေးစားကြရမည်။ အဘက်ဘက်မှဖိနှိပ်မှုအပေါင်းတို့သည် ဣသရေလလူ မျိုးစုကို ဘေးဒုက္ခဖြစ်စေပါသည်။ သူတို့သည်လည်း မောပန်းကုန်ကြပြီ။ မတရားရက်စက်မှုထပ်ခါထပ်ခါ၊ တစ်မျိုးပြီးတစ်မျိုးဒဏ်ကိုခံနေကြရသည်။ ခံရသောပင်ပန်းခြင်းကို ရွှေ့ဆိုင်းပေးရန်မျှော်လင့်ကြသည်။
စိတ်ဝင်စားစရာအချက်မှာ သူတို့သည် မိမိကိုယ်ကို “အစေခံများ” ဟုခေါ်ကြသည်။ မိမိလူမျိုးတို့ပြုသောအပြစ်ကို အစဉ်အတိုင်းဖော်ပြပြီး၊ နောက်ဆုတောင်းခြင်းကို စကားလုံး “အစေခံသူများ” ဟူ၍ မိမိတို့ကိုယ် ကိုခေါ်ကာ အဆုံးသတ်ကြသည်။ အစေခံမည်သည်မှာ မိမိကိုအုပ်စိုးသော သူကို နာခံမှုရှိရသည်။ ထိုစကားလုံးကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏စကားကိုနားထောင်ရန် သူတို့၏ရှေ့၌ရှိခဲ့သောလူများ၏နားမထောင်ခြင်းများ အားလုံးကို ပြန်လည်နာခံရန်သစ္စာပြုကြသည်။ ထိုသို့ပြုမူလုပ်ဆောင်ခြင်းသည် ဘုရားသခင်ကိုလည်းကောင်း၊ ပညတ်တော်ကိုလည်းကောင်း သစ္စာရှိစွာ လိုက်နာရိုသေပါမည်ဟုအလိုရှိကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဘုရားရှင်၏ အစေခံများအတိုင်း ကိုယ်တော်သည် သူတို့အတွက်အလုံးစုံကို ကိုယ်စားပြု တော်မူပါရန်တောင်းပန်ကြသည်။
ဧဇရနှင့်နေဟမိတို့ကြုံတွေ့ခဲ့ရသော လတ်တလောအခြေအနေမှာ “အလွန်ဆင်းရဲခံလျက်”(နေဟမိ ၉း၃၇)၊ အဲဂုတ္တုပြည်၌ ဣသရေလလူမျိုး များခံခဲ့ရသောဒုက္ခနှင့်အလားတူဖြစ်သည်။ (နေဟမိ ၉း၉)။ သူတို့၏ဆုတောင်း ခြင်း၌ အဲဂုတ္တုပြည်မှဒုက္ခအကြောင်းကိုသာရည်ရွယ်ပြီး လတ်တလောအကြောင်း ကိုမကြည့်ကြပါ။ ယခုတွင်လူများတို့သည် ဘုရားရှင်ဝင်ရောက်ဖြေရှင်းပေး ရန်သာ တောင်းဆိုမှုပြုကြသည်။ အတိတ်အချိန်၌ ကိုယ်တော်မစသကဲ့သို့ သူတို့သည် ကိုယ်တော်ကိုမတောင်းခံသည့်တိုင် မစတော်မူခဲ့သည်။ အခြား မည်သည့်ဘုရင်၊ မင်းညီမင်းသား၊ ယဇ်ပုရောဟိတ်၊ သို့မဟုတ် ပုရောဖက် များ၊ ရှေးဘိုးဘေးတို့ကိုယ်တိုင် သစ္စာရှိခဲ့သူများမဟုတ်ကြပါ။ ထိုကြောင့် ထာ၀ရဘုရား၏သနားခြင်းကရုဏာတော်ကိုသာ တောင်းလျှောက်ကြ၏။ သူတို့၏လုပ်ဆောင်မှု၊ သို့မဟုတ် ဘိုးဘေးတို့၏လုပ်ရပ်ကောင်းကျိုးကြောင့် အားကိုးခြင်းမပြုပါ။ ဘုရားရှင်သာကြားဝင်ပြီး မစပေးရန်ကိုသာမျှော်လင့် ကြသည်။
ရောမ ၅း၆-၈ ကိုဖတ်ပါ။ ထိုကျမ်းချက်မှ ဣသရေလအမျိုးသား များ ဘုရားရှင်ထံတော်မှ မည်သည့်အရာကိုတောင်းလျှောက်ခဲ့သနည်း။
ဣသရေလတို့တောင်းလျှောက်အသနားခံခြင်းအပေါ် ကျွန်ုပ်တို့သဘောခွေ့စေ သောအရာ မည်သည့်အရာရှိသနည်း။ ရှင်ပေါလုမှလည်း ရောမဩဝါဒစာ တွင် မည်သို့ရေးသားထားသနည်း။
သောကြာ နိုဝင်ဘာ ၁၅
ထပ်ဆင့်လေ့လာရန်
Ellen G White ၏ “Steps to Christ” စာအုပ်မှ စာမျက်နှာ ၃၇-၄၁ အကြောင်းပါ “Confession” ခေါင်းစဉ်ကိုရှာဖွေပြီးဖတ်ပါ။
နေဟမိ ၉း၂၅ တွင် ဟေဗြဲလူများသည် မိမိတို့၏ဘိုးဘေးကြီးများ “ကိုယ်ကိုကိုယ်အထင်ကြီးပြီး ဝမ်းမြောက်ရွှင်လန်းခြင်း” အကြောင်းကို ရေးသား ထားသည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို မထင်ရှားစေကြ။ ဧဒင်ဟူ သောအမည်နှင့် သဘောချင်းတူညီသည်။ “ဧဒင်ဥယျာဉ်” (ကမ္ဘာဦး ၂း၁၅)။
“မိမိကိုယ်ကိုဧဒင်ပိုင်ရှင်လုပ်ကြ၏” ဟုအနက်ပြန်ဆိုလျှင် ပို၍ကောင်းမည်။ ဧဝံဂေလိ၏သတင်းမှာ ဘုရားရှင်သည် ခပ်သိမ်းသောအရာကို ပြန်လည်ဖန်ဆင်းပြီး နဂိုဧဒင်ဥယျာဉ်၏သာယာမှုမျိုးကိုပေးမည်ဟု ပါရှိသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့အမှန်တကယ်ပြန်လည်ဖန်ဆင်းခြင်းခံရပါမည်လား။ ဘုရားသခင်သည် ဟေဗြဲလူတို့ကိုမြှောက်စားပြီး ရှေးခေတ်ကမ္ဘာပေါ်ရှိ လူတို့၏မျက်မှောက်၌ ကျရှုံးခဲ့သောဧဒင်ဥယျာဉ်၏ပုံသဏ္ဌာန်ကို ရောင်ပြန် ဟပ်စေရန်ဖြစ်သည်။ အကျဉ်းချခံရခြင်းမှသည် ပြည်တော်ပြန်အချိန်ပြီးသည့် နောက်ပိုင်းထိ အားအင်ရှိနေသည်။ “ထိုသို့နှင့်အညီ ထာ၀ရဘုရားသည် ဇိအုန်မြို့ကိုချမ်းသာပေးစေတော်မူမည်။ သူ၏ဆိတ်ညံရာအရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း ဖြစ်စေ တော်မူမည်” (ဟေရှာယ ၅၁း၃)။
လူတို့သည် ဘုရားသခင်ကတိပေးထားသောဥစ္စာပစ္စည်းများဖြင့် ကြည်နူးနေကြသည်။ ကျရှုံးနေသောကမ္ဘာ၌ မည်သည့်အဆင့်အတန်းမျိုးတွင် မဆိုရောက်နေကြပါစေ၊ ဧဒင်ဥယျာဉ်ကိုတမ်းတမျှော်လင့်တတ်ကြသည်။ ကောင်းသောမျှော်လင့်ချက်ပင်ဖြစ်၏။ ထိုဧဒင်ဥယျာဉ်တော်ထဲ၌ ပျော်ရွှင်ချင် ကြသည်။ ဘုရားသခင်သည် ကမ္ဘာကိုဖန်ဆင်းရာမှာ လူသားများပျော်ရွှင်စွာ နေထိုင်ရန်အတွက်ဖြစ်သည်။ ရှေးခေတ်ဣသရေလလူတို့သည် ဘုရားကောင်းချီး ခံရ၍ ပျော်ရွှင်ခဲ့ကြရသည်။ သူတို့၏အပြစ်မှာ ဘုရားရှင်ပေးသောကောင်းချီး ဖြင့် စိတ်ကြီးဝင်ခြင်းအပြစ်မျိုးမဟုတ်၊ သူတို့၏အပြစ်မှာ ဘုရားကိုမေ့လျော့ ခြင်းအပြစ်ပင်ဖြစ်သည်။ (ယေဇကျေလ ၂၃း၃၅)။ အဘယ်သူ၏ကောင်းမြတ် ခြင်းကြောင့် ပျော်ရွှင်ရကြောင်းကိုသတိမရကြ။ ဘုရားရှင်အကြောင်း တစ်ပါးသူ မြင်တွေ့ရန်မလုပ်ဆောင်ကြသောကြောင့် ကောင်းချီးများရပ်ဆိုင်းသွားရသည်။
-၀-