စံပြအိမ်ထောင်

စကားချီး

စံပြအိမ်ထောင်ဆိုသည်မှာ၊ ဘုရားတရားကိုင်းရှိုင်းသူတို့၏စံနှုန်းထား များနှင့်အလေ့အကျင့်များကို လက်ခံကျင့်သုံးရသည်ကတစ်မျိုး၊ ဆုံးမသွန်သင် ပေးရသည်ကတစ်ဖုံ အစုံစုံတို့ကိုလိုက်နာကျင့်သုံးရသောဌာနဖြစ်၍ ယင်း အိမ်ထောင်များ၌ မွေးဖွားကြီးပြင်းလာကြသောသားသမီးတို့ကို ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသောဘောင်အတွင်းသို့ ပြောင်းလဲသွတ်သွင်းပေးရန် သက်ဆိုင် ရာမိဘနှစ်ပါးတို့အား ဖန်ဆင်းရှင်ကမိန့်မှာထားတော်မူသော နေရာ မျိုးလည်းဖြစ် သည်။ ယင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မြော်လင့်ခြင်းအသင်း သားမိဘများတို့သည် သူတို့အနေဖြင့်တွေ့ရှိနိုင်သမျှသော အကူအညီကိုရှာဖွေလျက် ရှိသည်။
မိဘများအတွက် အယ်လင်ဂျီ၊ ဝှိုက် သည် အလွန်တန်ဖိုးရှိသော အကြံပေးစကားများ မြောက်မြားစွာကိုရေးသားပြုစုထားပြီးဖြစ်သည်။ အိမ်ထောင် ဆိုင်ရာကဏ္ဍတိုင်းနှင့်ပတ်သက်၍ ရေးသားပြုစုထားလျက် ယခုခေတ်တွင် လည်း စဉ်းစားဆင်ခြင်တတ်၍ စိုးရိမ်ကြောင့်ကြတတ်သောမိဘများတို့အား သကမ ကင်းဖြစ်စေသောပြဿနာပေါင်းစုံတို့နှင့်ပတ်သက်၍ အထူးညွှန်ကြား ချက်များကို ပေးထားလေသည်။
သူမကွယ်လွန်မသွားမီနှစ်ပေါင်းများစွာအထက်က “မြော်လင့်ခြင်း မိဘများလက်စွဲ” အမည်ရှိသောစာအုပ်ကိုပြုစုဖြန့်ချိရန် ဆန္ဒရှိကြောင်းပြသ ခဲ့လေသည်။ ယင်းဆန္ဒကိုအကောင်အထည်ဖော်ရန် ဤစာစောင်ကို ကြိုးပမ်း ထုတ်ဝေလိုက်ပါသည်။
“စံပြအိမ်ထောင်” ဆိုသောဤစာစောင်သည် မအားမလပ်လုပ်ကိုင် နေကြသောမိဘများအတွက် လက်စွဲစာစောင်တစ်ခုဖြစ်၍ အိမ်ထောင်တစ်ခု ဘယ်ကဲ့သို့ဖြစ်လာနိုင်ကြောင်းကိုလည်းကောင်း၊ ဘယ်ကဲ့သို့ဖြစ်သင့်သည်ကို လည်းကောင်း တင်ပြထားပါသည်။ မိဘများတို့အနေဖြင့် မေးခွန်းပေါင်းစုံ၏ အဖြေများနှင့် ကောင်းကင်ဘုံရှင်အဖဘုရားအထံတော်မှ ဥာဏ်ပညာဖြင့်ပြည့်စုံ လှသောမိန့်တော်မူချက်များ ဤစာစောင်တွင်ပါရှိပါသည်။
ဤစာစောင်ကိုစုဆောင်းပြုစုရာတွင် နှစ်ပေါင်းခုနစ်ဆယ်အတွင်း အယ်လင်ဂျီ၊ ဝှိုက် ရေးသားပြုစုခဲ့သောစာအုပ်စာတမ်းများ အထူးသဖြင့်