ပိုင်ရှင်ရှိ 

လူ၏ကိုယ်ခန္ဓာနှင့်အသက ်(ဝိညာဉ်) ဘုရားသခင်​ပိုင် တော်မူ
ယုံကြည်​များသည် လူ၏ကိုယ်ခန္ဓာ နှင့်အသက်(ဝိညာဉ်)ကို ဘုရားသခင်​ပိုင်တော်မူသည်ဟု ယုံကြည်သော​ကြောင်​့ ကိုယ် ခန္ဓာအကြောင်း ကိုလည်းနားလည် ကြသည်။ အသက်(ဝိညာဉ်​) အကြောင်​းကိုလည်းနားလည်​ကြသည်။ ထို့ကြောင်​့ ခရစ်တော် ၏ကယ်တင်ခြင်းတရားဖြစ်သော ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ် ကယ်တင်ခြင်းကို သူတို့နားလည်ကြသည်။

“မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန် အဘိုးကို ဘုရားသခင်​၌မပေးနိုင်။ – သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီး လှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျှက်နေရမည်။ – ရွေးလျှင် အစဉ်အမြဲအသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့မ ရောက်။

– အကြောင်းမူကား၊ လူသားသည် မိမိအသက်ကိုစွန့်၍လူ များကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟုမိန့်တော်မူ၏။
– ငါမူကား၊ သိုးတို့သည်​ အသက်လွတ်ရုံမျှမက အထူးသ ဖြင်​့ အသက်နှင့်ပြည့်စုံစေခြင်းငှါလာသတည်း။” ဆာ ၄၉း၇-၉၊ မာ ၁ဝး၄၅၊ ယော ၁ဝး၁၀###

ခရစ်တော်သည် လူကိုရွေးနှုတ်သောကြောင့် လူသည် မိမိ ၏ကိုယ်ခန္ဓာနှင့်အသက်(ဝိညာဉ်)ကိုမိမိမပိုင်၊ လူ၏ကိုယ်ခန္ဓာ နှင့်အသက်(ဝိညာဉ်)ကို ဘုရားသခင်​ပိုင်တော်မူသည်။ – ခပ်​သိမ်​းသောသတ္တဝါတို့၏ အသက်ဝိညာဉ်(spirit)ကို အစိုးရတော်မူသောဘုရားသခင် ​၊
– အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇီဝအသက ်(life)
နှင့် လူသတ္တဝါခပ်​သိမ်​းတို့၏ ထွက်သက်ဝင်သက်(breath) သည် ဘုရားသခင် ​လက်တော်၌ရှိ၏။
– ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက် စီးခြင်​းနှင်​့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှူတ်မယူရ။

– သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်​ပေးသနားတော်မူ သော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်​ဖြစ် ကြောင်းကို၄င်​း၊ မိမိ တို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။

– သင်တို့သည် အဘိုးနှင်​့ဝယ်တော်မူသောသူ ဖြစ်သော ကြောင့် ဘုရားသခင်​ပိုင် တော်မူသော သင်တို့၏ကိုယ်ခန္ဓာနှင ့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်​၏ဂုဏ်တော်ကိုထင်ရှားစေ ကြလော့။

– သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့် အမှူကို ပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှူကိစ္စကိုပြုကြလော့။

– သင်တို့သည် အဘိုးနှင်​့ဝယ်တော်မူသောသူဖြစ်၍ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။” တော ၂ရး၁၅-၁၇၊ ယောဘ ၁၂း၁၀၊ ယော ၁ဝး၂၈၊ ၁ကော ၆း၁၉၊ ၂၀၊ ၁ဝး၃၁၊ ရး၂၃ ###

ခရစ်တော်သည် လူ၏ကိုယ်ခန္ဓာနှင့်လူ၏အသက်(ဝိညာဉ်) ကို ကယ်တင်သောကြောင့် လူ၏ကိုယ်ခန္ဓာသည်​ သေတတ် ပုပ်တတ်မြေကြီးနှင့်ဆိုင်သည့် ဇာတိပကတိ ကိုယ်ခန္ဓာမဟုတ် တော့ဘဲ မသေတတ် မပုပ်​တတ် ကောင်​းကင်နိုင်ငံ နှင့်ဆိုင် သည့် ဝိညာဏကိုယ်၊ ထမြောက်သောကိုယ်ခန္ဓာ၊ ဘုရားရှင်ပိုင်သော ကိုယ်ခန္ဓာပြန်ဖြစ်သည်။ လူ၏အသက်(ဝိညာဉ်)လည်း ဘုရား ရှင်ပိုင်သော ထာဝရအသက်ပြန်ဖြစ်သည်။

ထို့ကြောင့် ခရစ်တော်သည် လူ၏ကိုယ်ခန္ဓာ ကိုမကယ် တင်ဘဲ လူ၏အသက်(ဝိညာဉ်)ကိုသာကယ်တင်သည်ဟု ဟော ပြောသွန်သင်ခြင်းသည် မှားယွင်​းသောဟောပြောသွန်သင်ခြင်း ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်သည် လူ၏ကိုယ်ခန္ဓာနှင့် လူ၏အသက်(ဝိညာဉ်)ကို ကယ်တင်သောကြောင့်ဖြစ်သည်။

ထို့ကြောင်​့ ဘုရားသခင်​ပိုင်တော်မူသော ကိုယ်ခန္ဓာနှင့်အ သက်(ဝိညာဉ်)ကို ဘုရားသခင်​အလိုတော်အတိုင်း အသုံးပြုပြီး အသက်ရှင်ရမည်ဖြစ်သည်။
“သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်​ လက်နက်ဖြစ်စေ၍ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှထမြောက်၍ အ သက်ရှင်သောသူကဲ့သို့ ဘုရားသခင်​အားကိုယ့်ကိုယ်ကိုဆက် ကြလော့။

– ကိုယ်အင်္ဂါများကိုလည်း သုစရိုက်​လက်နက်ဖြစ်စေ၍၊ ဘုရားသခင်​အားဆက်ကြလော့။ သင်တို့သည် ပညတ်တရား လက်၌မရှိ၊ ​ကျေးဇူး တရား လက်​၌ရှိသောကြောင့်၊ အပြစ်​တရား သည် သင်တို့ကိုမအုပ်စိုးရ။” ရော ၆း၁၃၊ ၁၄ ###

လူ၏ကိုယ် ခန္ဓာနှင့်အသက်ဝိညာဉ်ကို ဘုရားသခင်​ပိုင်တော်မူသည်ဟုသိသောသူ၊ ပိုင်ရှင်သိသူ ဘုရားသခင်​၏ ဂုဏ်တော် ကိုထင် ရှ ားစေ သူ