ဘုရားရှင်၏ဖိတ်ခေါ်တော်မူခြင်း

သင်ခန်းစာ (၃)
ဘုရားရှင်၏ဖိတ်ခေါ်တော်မူခြင်း
အောက်တိုဘာ ၁၂ – ၁၈

ဥပုသ်နေ့မွန်းလွဲပိုင်း အောက်တိုဘာ ၁၂

ဖတ်ရန်ကျမ်းချက်များ။ ဧဇရ ရး၁၀။ နေဟမိ ၁း၁-၁၁။ ဒံ ၉း၂၄- ၂၇။ ဒံ ၈။ ရောမ ၈း၂၈၊၂၉။ ရောမ ၉။ ထွ ၃၊၄။
အလွတ်ကျမ်းချက်

“ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင် ဘုရင်စိတ် နှလုံးထဲသို့သွင်းပေးတော်မူထသော ရှင်ဘုရင်‌ရှေ့အတွင်း ၀န်များ၊ ဗိုလ်မင်းများ မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း” (ဧဇရ ရး၂၇)။
လူတိုင်း ကိုအထူးတာဝန်ပေးရန် ဘုရားသခင် ခေါ်ဖိတ်ပါသလား။ ထိုတာဝန်အတွက်ရှိရမည့်အရည်အချင်းသည် အခြားသူများထက်သာလွန်ရန် လိုအပ်ပါသလား။ လူရှေ့နှင့် ဘုရားသခင်၏ ရှေ့တော်၌ လူ၏အရည်အချင်း သည် အမြင်မတူမှုများရှိပါသလား။ အများသူငှါ၌ ရှိသည်ဟု ဖြေကောင်း ဖြေဆိုကြလိမ့်မည်။ အထူးသဖြင့် နောက်ဆုံးမေးခွန်း နှစ်ခုသည် ထိုသို့ဖြေဆို ကြလိမ့်မည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးချိန်တွင် အချိန်ကာလ အကန့်အသတ်ရှိသည်။ ပညာ အသိဉာဏ်နှင့် အတွေ့အကြုံလိုအပ်ပါသည်။ အထူးတာဝန်အတွက်လုပ်ဆောင်ရန် ပညာလိုသည်။ အတွေ့အဩှူကံများရန်လို ပါသည်။ အခြားအချိန်များတွင်မူ ကျွန်ုပ်တို့ကိုသာမန်သဘောဖြင့်သာ ရွေးကောက်တော်မူ၏။ အကြောင်းမှာ ကျွန်ုပ်တို့ ဆန္ဒနှင့် နှိမ့်ချစိတ် ပြင်းပြခြင်း ကြောင့်ဖြစ်သည်။ ဘုရားရှင် ခေါ်ဖိတ်ခံရခြင်း၊ မခံရခြင်းကို အချိန် တိုင်းသိရှိ ရန်မလွယ်ကူလှပါ။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်း စာ မှလူ များကို ဘုရားရှင် ရွေးချယ် ခေါ်ဖိတ် တော်မူခြင်းအကြောင်းများ၊ တာဝန်ပေး ခြင်းအ ကြောင်းများ များစွာ တွေ့ရှိ နိုင်ပါသည်။
စိတ်ဝင်စားစရာမှာ ဧဇရနှင့်နေဟမိ တို့နှစ်ဦးသည် ဘုရား သခင် မှအထူး တာဝန်အပ်နှင်းခြင်းခံရသောပုဂ္ဂိုလ်များဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးအပေါင်းကို ယေရုရှ လင်မြို့ သို့ပြန်လည် ခေါ်ဆောင် လာရန် ပြိုပျက် ပျက်စီး လျက်ရှိ သောမြို့ကို ပြန်လည် ပြုပြင် တည် ဆောက် ရန် တည်ဆောက်မှု၍ တာဝန် တစ်မျိုးစီယူကြရန်နှင့် ဗိမာန် တော်ကိုပါ ပြန်လည် ပြုပြင် တည်ဆောက်ရန်တာဝန် တို့ဖြစ်သည်။ တစ်ချိန် တည်း မှာပင် လူများကိုဘုရားရှင်အကြောင်းသွန်သင် ပေးရန်၊ အရာအား လုံးဘုရားရှင်နှင့်ဆက်သွယ်၊ ဆက်ကပ်လုပ်ဆောင်ရန်နှင့် ဘုရားရှင် ခေါ်ဖိတ်တော်မူခြင်း အကြောင်းကိုပြော ကြားရန်လည်း အရေးကြီးသော အရာ တစ်ခုပင်ဖြစ်သည်။

တနင်္ဂနွေ အောက်တိုဘာ ၁၃
ဧဇရနှင့်နေဟမိကိုခေါ်တော်မူခြင်း

ဧဇရသည် ခြားနားသောအကြောင်းများဖြင့် ရွေးချယ်ခြင်းခံရသည်ဟု ဆိုနိုင်ပါသည်။ (၁) သူကိုယ်တိုင်မှသွားရန်ဆနဩ်္ဒပြင်းပြသည်။ (၂) သူသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ (၃) သူသည် ကျမ်းစာ ကိုနားလည်တတ်ကျွမ်း သောဆရာတစ်ဆူဖြစ်သည်။ အခြား အကြောင်း များ လည်း ထည့်သွင်းစဉ်းစား နိုင် ပါသေးသည်။ သို့သော် အကောင်း ဆုံး ကျမ်းချက်တစ်ချက်မှ ဧဇရသည် အဘယ်ကြောင့် တာဝန် ပေးခြင်းခံရ သည့်အကြောင်းမှာ ပေါ်လွင် ထင်ရှား နေသည်။
ဧဇရမှတ်စာ ရး၁၀ သည် ဧဇရအကြောင်း မည်သို့ဖော်ပြထားသနည်း။ ဧဇရသည် ဘုရားသခင် ၏ပညတ်တော် ကို နှလုံးသွင်းနိုင်ရန် မည်သို့ပြင်ဆင် သနည်း။
————————————————————————————————————————————–
“ပြင်ဆင်သည်”” (သို့မဟုတ် ““တပ်ဆင်သည်”” ဟူသောစကားလုံး ၏မူရင်းဟေဗြဲ ဝေါဟာရ၌ “ခွန်း” (Kun) ဝေါဟာရကို ပြင်ဆင်သည်၊ တပ်ဆင် သည်၊ ခိုင်ခံ့အောင်ဩ]ပသည်၊ ခိုင်ခံ့အောင်စိုက်ထူသည်၊ နေသားကျစေသည်၊ လုံဩ]ခံသည်ဟု အနက်ပြန်ဆိုနိုင်သေးသည်။ ထို့အတွက်ကြောင့် စကားစု၏ သဘောတရားကိုပြန်ဆိုရလျှင် ဧဇရသည် ခိုင်ခံ့စွာမိမိစိတ်နှလုံးကိုစိုက်ထူကာ ဘုရားရှင်ကိုရှာဖွေ၏ဟု အဓိပ္ပါယ်ဖော်ရပါမည်။
ယေရုရှလင်မြို့ သို့ပြန်ရောက်သည်နှင့် ဧဇရသည် ဘုရားရှင်ထံမည်သို့ ဆက်ကပ်အပ်နှံရမည့်ပုံစံကိုချတော့သည်။ ယေဩရုရှလင်မြို့ ၌ ဘုရား၏နှုတ်ကပတ် တော်ကို (၁၃) နှစ်ကြာသင်ကြားပို့ချခဲ့သည်။ ယင်း (၁၃) နှစ်အတွင်း ဧဇရ၌ ထင်ရှားသော လုပ်ဆောင်ချက်များမရှိဟု အမြင်ရှိနိုင်သည်။ သို့သော် မြို့ရိုးတည်ဆောက်ပြီးစီးသည့်နောက် လူများစုရုံး ကြရန်ခေါ်ဖိတ်သည်။ အတင်း အဓမ္မစုရုံးခိုင်း ခြင်းမျိုးမဟုတ်ပါ။ ဩ၎င်းင်းတို့၏ဆန္ဒအလျောက်သာဖြစ်သည်။
ဧဇရထံမှ ဘုရားရှင်၏ နှုတ်ထွက်စကားတော်သည် နှလုံးတွင်း၌ အသီးသီးအမြစ် တွယ်နေ ပြီဖြစ်ခြင်း ကြောင့် ဖြစ်သည်။ အဘယ်ကြောင့် နေဟမိ ကို ရွေးချယ်ခဲ့သနည်း။ နေဟမိ ၁း၁-၁၁ ကိုဖတ်ပါ။
————————————————————————————————————————————–
နေဟမိသည် ဘုရားသခင်နှင့်လူတို့ကိုချစ်တတ်သောစိတ်နှလုံးသား ရှိ၏။ ယေရုရှလင်၌ လုပ်ငန်းများရပ်တန့်သွားသည့်သတင်းကိုသိရှိရသော အခါ၊ လွန်စွာစိတ်ခံစားရ၏။ နေဟမိသည် ဧဇရကဲ့သို့ပင် အလွန်စိတ်ထား ပြင်းပြသူဖြစ်ပြီး လုပ်ဆောင်နေသောအရာများအတွက် စေတနာထားကာပါ၀င် ကူညီသူ ဖြစ်သည်။ သူတို့၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော် မူပါသည်။ သူတို့၏အလိုဆနဩ်္ဒကိုလည်း ဘုရားသခင်ဖြည့်ဆည်းပေးတော်မူ ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ မြတ်နိုးသောအရာတစ်ခုခုသည် ဘုရားရှင် ထံမှမဖြစ်ရဟု အတွေး အခေါ်ခံ ယူချက်ရှိတတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည် ကျွန်ုပ်တို့မလုပ်လိုသော ခက်ခဲသည့်တာဝန်ကိုသာပေးမည် ဟု အထင်ရှိ တတ်ကြ၏။ ဘုရားရှင်နှင့်သာလျှောက်လှမ်းခဲ့ပါမူ ကျွန်ုပ်တို့ ဆနဩ်္ဒအလျောက် ဖြစ်လိုသော အရာကို ဘုရားသခင်ပေးတော်မူလိမ့်မည် အမှန်ဖြစ် သည်။ ကိုယ်တော်ရှင် သည် မိမိအတွက်အမှုဆောင်ရန် ကျွန်ုပ်တို့၏ပြင်းပြ သောစိတ်ကိုအလိုရှိတော်မူ၏။
သင်ဆန္ဒ ရှိသောအလုပ်ကို ဘုရားသခင် ဖိတ်ခေါ် ရွေးချယ် လုပ်ဆောင် စေသည်ဟု တွေ့ကြုံ ခံစားရဖူးပါသလား။

တနင်္လာ အောက်တိုဘာ ၁၄
ပုရောဖက်ပြုချက်အချိန်အတိုင်းအတာ

ယခုသုံးလပတ်အတွင်း ပထမဦးဆုံးသင်ခန်းစာတွင် ဇေဩရုဗဗေလကို ဘုရားရှင်မည်သို့ခေါ်ဖိတ်တော်မူခြင်းအကြောင်း လေ့လာခဲ့ရပြီးဖြစ်ပါသည်။ (ဘီစီ ၅၃၈) နှင့် ဧဇရ (ဘီစီ ၄၅၇)၊ အထူးအမှုတော်ဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ဒုတိယသင်ခန်းစာမှာ နေဟမိကိုဘုရားရှင်ခေါ်ဖိတ်စေခိုင်းခြင်း အကြောင်း လေ့လာရပြန်သည်။ (ဘီစီ ၄၄၄) ခေါ်ဖိတ်တော်မူ ခြင်းအားလုံး သည် ဘုရားရှင်၏ကြိုတင်သိမြင် တော်မူသောဉာဏ်တော်ဖြင့် ခေါ်ဖိတ်စေခိုင်း ခြင်းများပင်ဖြစ်သည်။ ဥပမာပြ ရမည်ဆိုလျှင် ဇေဩရုဗဗေလကို နှစ်ပေါင်း (၇၀) အဆုံး ပုရောဖက်ဩ]ပအချိန်အတိုင်း ယေရမိဩှူကိတင်ဟောထားသော ပုရောဖက် စကား ပြည့်စုံရမည့် အချိန်ဖြစ်သည်။
ဧဇရသည် အမှုတော်ဆောင်ရွက်ရန် မည်သည့်နှစ်ဩဩခေါ်ဖိတ်ခံရပါ သနည်း။ ရှင်ဘုရင် အာတေဇေရဇ်မင်းကြီးအမိန့်တော်ထုတ်သောနှစ်နှင့် တစ် နှစ် တည်းကျရောက်သည်။ ပုရောဖက်ဩ]ပချက်ဩဩ မည်သည့် ထူးခြားချက် မျိုး ထိုနှစ်တွင် ဖြစ်ပေါ်ခဲ့သနည်း။ ဒံယေလ ၉း၂၄-၂၇ ကိုဖတ်ပါ။
————————————————————————————————————————————–
ဒံ ၉း၂၅ ၏ဖော်ပြချက်မှာ “ထိုသို့ယေဩရုရှလင်မြို့ကိုတစ်ဖန်တည်ထောင် ပြုစုစေခြင်းငှာ အမိန့်တော်ရှိ သည်နှစ်မှစဩဩ ခရစ်တော်သခင်၏လက်ထက်တိုင် အောင် ခုနစ်သီတင်းနှင့် (၆၂) သီတင်းကြာလိမ့်မည်။” နောက်တစ်ခါ ပုရောဖက်ပြုသောသီတင်းပတ်၏ နောက်ဆုံးသီတင်းပတ်ကို အခန်းငယ် (၂၇) ၌ ထပ်မံ ဖော်ပြသည်။ တစ် သီတင်းမှာ ရက် (၇) ခုနစ်ရက်ဖြင့်သတ်မှတ်ထားသည်။ သို့ပါသောကြောင့် ပုရောဖက်၏ သီတင်းတစ်ပတ် (တစ်သီတင်း) သည် ခုနစ်နှစ်နှင့်ညီမျှပြန်သည်။ (တော ၁၄း၃၄။ ယေဇကျေလ ၄း၅၊၆။) သို့ပါသော ကြောင့် ဖော်ပြပါအဆိုပါ ပုရောဖက်ဩ]ပထားသောသီတင်းခုနစ်ဆယ် (၇၀) သည် နှစ်ပေါင်း (၄၉၀) နှင့်ညီမျှပေသည်။ ဖြေဆို ရန်ရှိနေသောပုစဩ၎င်းာအမေးမှာ သီတင်း ခုနစ်ဆယ် သည် မည်သည့်နှစ်၊ မည်သည့် အချိန်၌ အစပြု ပါသနည်း။ ကျမ်းချက်အရ၊ ယင်းအချိန်မှာ ယေဩရုရှလင်မြို့ ကိုပြန်လည် တည်ဆောက်စေ ဟု အမိန့်ထုတ်ပြန်သော နှစ်အချိန်ပင်ဖြစ်ရလိမ့်မည်။
ယုဒလူမျိုးများနိုင်ငံပြန်လည်ထူထောင်ရန် အမိန့်စာ (၃) ကြိမ်ချမှတ် ခဲ့သည်။ ကုဩရုမင်းကြီး၊ ဒါရိမင်းကြီးနှင့်အာတေဇေရဇ်မင်းကြီးတို့ ယုဒပြည် ကိုပြန်လည်ထူထောင်စေဟု အမိန့်တော်ချခဲ့ကြသည်။ မည်သို့ပင်ဆိုစေ အာတေဇေရဇ်မင်းကြီးအမိန့်တွင် ယေဩရုရှလင်ဩ]မိ့ကြီးအတွက်နှင့် ထိုအမိန့်စာ ဩဩသာ ဘုရားရှင်ဝင်ရောက်လုပ်ဆောင်တော်မူခြင်းကို ချီးမွမ်းထောမနာဩ]ပကြောင်း သိရသည်။ (ဧဇရ ရး၂၇၊၂၈)။
သီတင်းခုနစ်ဆယ် (၇၀) ၏ကောင်းချီးမင်္ဂလာကို ပုရောဖက်ပြုထား သည့်အတိုင်း ဘီစီ ၄၅၇ မှစတင်ရေတွက်ရသည်။ အာတေဇေရဇ်မင်း (၁) နန်းစံသတဩဋ္ဋမနှစ်တွင်ဖြစ်သည်ဟု ဧဇရ ရးရ-၂၆ အရ သိရှိရသည်။ ထပ်မံ ဖြည့်စွက်သောအချက်များကိုလေ့လာရာဩဩ ဘီစီ ၄၅၇ သည် နှစ်ပေါင်း (ရက်ပေါင်း) ၂၃၀၀ ပုရောဖက်ပြုထားချက်၏ စတင်ချိန်ဖြစ်ပြန်သည်။ ဒံ၊ ၈း၁၄ (နက်ဖြန်နေ့သင်ခန်းစာမှအကြောင်းကို ဆက်လက်ဖတ်ရှုပါ။) ဩ၎င်းင်းအမိန့် စာသည် ပုရောဖက် ပြုချက် နှစ်ရပ်လုံး၏စတင်အစပြုချိန်ကို သတ်မှတ်လိုက် ခြင်းပင်ဖြစ်သည်။ သီတင်း (၇၀) သည် အေဒီ ၃၄ ၌ အဆုံးသတ်သွား သည်။ ဧဝံဂေလိသတင်းကို တစ်ပါး အမျိုးသား များထံ ဟောပြော ဖြန့်ချိသော အချိန်ကိုဆိုပါသည်။ (ရှေးဦး အသင်းတော် ကို နှိပ်စက် ညဉ်းပန်းခြင်း နှင့်အတူ သတေဖန်၏မာတုရသေခြင်းဖြင့် အမှတ်အသားပြုသည်။) သီတင်းများ၏ နောက်ဆုံး သီတင်း၏ အလယ်သည် အေဒီ ၃၁ ပင်ဖြစ်သည်။ သခင်ယေရှု လက်ဝါး ကပ်တိုင် ပေါ်ဩဩ အသေခံ တော်မူသောနှစ်ပင်ဖြစ်သည်။
ဒံ ၉း၂၄-၂၇ ၏ပုရောဖက်ပြုချက်ကို ပြန်လည်လေ့လာပါ။ မည်သို့ ဖော်ပြထားသနည်း။ ယေရှုရှင်၏ အမှုတော်နှင့်ပတ်သက်သောအံ့သြဖွယ်အမှု သည် မည်သို့ ဖြစ်သနည်း။ ထိုသို့သောပုရောဖက်ပြုချက်များသည် ကျွန်ုပ်တို့ ၏ ယုံကြည် ခြင်းကို မည်သို့သာ၍ ခိုင်ခံ့စေသနည်း။

အင်္ဂါ အောက်တိုဘာ ၁၅
သီတင်း (၇၀) နှင့်ရက်ပေါင်း ၂၃၀၀

“ဆုံးဖြတ်ခြင်း” ဆိုသောဝေါဟာရကို ဒံ ၉း၂၄ ၌ တွေ့ရသည်မှာ “သီတင်းခုနစ်ဆယ် ကိုဆုံးဖြတ်ခြင်း” တိုက်ရိုက်အနက်ပြန်ဆိုသော် “သီတင်း ခုနစ်ဆယ်ကို သီးသန့်ထားသည်” ဆုံးဖြတ်ခြင်းဟု ဝေါဟာရစကားကိုအသုံးပြု သော်လည်း သမ္မာကျမ်းစာ၌ အခြားအခြားနေရာများတွင် ထိုသို့အသုံးမပြုချေ။ ဂျူးလူမျိုးတို့၏စာပေ၌ ရှည်လျားသောအရာတစ်ခု ကိုဖြတ်တောက်သည် ဟု အဓိပဩဩါယ်ဆိုထားသည်။ ဒံ (၈) ၌ ဖော်ပြသော ရက်ပေါင်း ၂၃၀၀ ပုရောဖက် စကားသည် ထိုအခန်းကြီး (၈) ၌ အစပြုမှတ်ယူခြင်းမျိုး မဟုတ်ဘဲ၊ ‌နောက်ဆက် တွဲလာသော အခန်းကြီး (၉) တွင် နှစ်ပေါင်း ၄၉၀ ကို “ဆုံးဖြတ်သည်” သို့မဟုတ် “ဖြတ်တောက်သည်” ဟုဖော်ပြရာ၌၊ ထိုဖြတ်တောက် သောအချိန်သည် ရက်ပေါင်း ၂၃၀၀ ပုရောဖက်ပြုထားသော အချိန်အထဲမှပင် ဖြစ်ရမည်ဟု အထက်တွင်ဖော်ပြပြီးဖြစ်သည်။ ကျန်ရှိသော အချိန်များကို “ဖြတ်တောက်” ရန် အခြားရှည်လျားသောအချိန် ပုရောဖက်ပြုထားသောအချက် ရှိပါသလား။
ဒံ (၈) ကိုဖတ်ပါ။ ရှင်းလင်းချက်မရှိသော ရူပါရုံ၏အပိုင်းသည် မည်သည့်အရာဖြစ်ခဲ့ပါသနည်း။
————————————————————————————————————————————–
ဒံ ၉း၂၄-၂၇ မှ သီတင်း (၇၀) ပုရောဖက်ကပြုချက်နှင့် ဒံ ၈း၁၄ မှ ညဦးနှင့်နံနက် ၂၃၀၀ ပုရောဖက်ဩ]ပချက်တို့ဆက်စပ်ပုံအဘယ်ကြောင့် များစွာသက်ဆိုင်နေသနည်း။ (၁) နှစ်ရပ်လုံးသည် အချိန်နှင့်ဆိုင်သော ပုရောဖက်ဩ]ပချက်ဖြစ်သည်။ (၂) “ဗျာဒိတ်တော်အချက်” နှင့် “နားလည်ရ သောအခွင့်” ဟု စကားစုနှစ်ရပ်သည် ဆက်စပ်မှုရှိသည်။ (၃) ပုရောဖက်ပြု စကားနှစ်ရပ်၏အနက်ကိုဖော်ပြ သူမှာ ဂါဗြေလပင်ဖြစ်သည်။ (ဒံ ၈း၁၆ နှင့် ၉း၂၁)။ (၄) ညဦးနှင့်နံနက် ၂၃၀၀ အကြောင်းကို ဒံ (၈) ဩဩ ရှင်းလင်းပြောကြားခြင်းမဩ]ပလုပ်ပါ။ (တစ်ခါတစ်ရံ “ရက်” ဟု ဘာသာပြန် ထားသည်။) ဒံ ၈း၁၄။ (၅) ဒံယေလ (၈) တွင် ဗျာဒိတ်ရူပါရုံနှင့် အဓိပ္ပါယ် တချို့တဝက် ကိုဖော်ပြသည်။ ဒံ (၉) တွင်မူ အနက်ပြန်ခြင်းသက်သက်ဖြင့် ဖော်ပြပြီး၊ ဒံ (၈) မှမဖော်ပြသောအနက်အဓိပဩဩါယ်ဖြစ်သည့် ဒံ ၈း၁၄ ၏ ၂၃၀၀ ရက်အကြောင်း ဒံယေလကိုယ်တိုင်နားမလည်ခဲ့သည့် ဗျာဒိတ်ရူပါ၏ရုံ ၏ အနက်ကို ဖော်ပြပေးသည်။ (ဒံ ၈း၂၇)။
ဒံယေလကျမ်း မှဟောထားသောပုရောဖက်ပြုချက်မှ ပျောက်ဆုံးနေ သည့်ကွင်းဆက်ကို ဧဇရမှတ်စာမှ အချက်အလက်များဖြင့်ပြန်၍ ဖြည့်စွက်ပေး သည်။ ရာဇဝင်အရ၊ ပုရောဖက်ပြု ထားသောအချိန်သည် ပြန်လည်ရေတွက် သောအခါ သခင်ခရစ်တော်၏အမှုတော်နှင့် ကျွန်ုပ်တို့အတွက်ကိုယ်စား ၀င်ရောက်လုပ်ဆောင်မှုကို ရေးမှတ်ရသောအချိန်ဖြစ်သည်။
သီတင်း (၇၀) နှင့်ရက်ပေါင်း ၂၃၀၀ အကြောင်းရေးဆွဲထားသော ပုံကားချပ်ကိုပြပေးပါ။

ဗုဒ္ဓဟူး အောက်တိုဘာ ၁၆
ဘုရားသခင်၏ရွေးချယ်ခြင်း

ကျွန်ုပ်တို့ကိုဘုရားသခင်ရွေးချယ်သည်၊ ရွေးကောက်ပါသည်ဟူသော စကားအဆိုများ များစွာရှိပါသည်။ လူများစွာတို့၏အတွေးအခေါ်ဩဩ ရွေးချယ် ရွေးကောက်ခြင်း နှင့်ဆိုင်သော အဓိပ္ပါယ် အနက်၊ တစ်ယောက်တစ်မျိုးစီခံယူ တွေးခေါ်ကြသည်။ သို့ဖြစ်လျှင် သမ္မာကျမ်းစာမှ ထိုရွေးကောက်ရွေးချယ် တော်မူခြင်းကို မည်သို့ဖော်ပြပါသနည်း။
ရောမ ၈း၂၈၊၂၉ ကိုဖတ်ပါ။ ဘုရားသခင်ခေါ်ဖိတ်တော်မူသည်ဟူ သောစကားသည် အဓိပ္ပါယ် အနက်မည်သို့ရှိပါသနည်း။ ကျွန်ုပ်တို့ကိုရွေးချယ် ရွေးကောက်ပါသည်ဟူသော စကားအဓိပ္ပါယ်အနက် မည်သို့ရှိပါသနည်း။
————————————————————————————————————————————–
အထူးသဖြင့်ဆိုလိုချက်မှာ လူသားများအားလုံး သားတော်ဘုရား၏ဩရုပ်လုံးသဏဩ္ဌာန်နှင့်တူညီရန် ဘုရားရှင်ကြိုတင်ပုံစံချထားပါသည်။ ဩှူကိတင် ပုံစံချမှုဆိုင်ရာအကြံတော်မှာ ဩ်္ဂသူသည် ကောင်းကင်နိုင်ငံဝင်စားရမည်၊ ဤသူသည် ပျက်စီးခြင်းငရဲသို့သွားရမည်ဟု ကြိုတင်ပုံစံချခြင်းမျိုး လုံးဝ (လုံးဝ) မဟုတ်ပါ။ ကျွန်ုပ်တို့လူသားများ မည်သည့်အရာ တစ်ခုရွေးချယ်ခွင့် မရှိ ရဆိုသည့်သဘောမျိုးလည်း လုံးဝ (လုံးဝ) မဟုတ်ပါ။ တစ်နည်းဆိုရ သော်၊ ရွေးချယ်ရွေးကောက်ခြင်းကိစဩ‘သည် ကျွန်ုပ်တို့၏အသက်တာနေထိုင် မှုကို ပြောင်းလဲဩ]ပပြင်ရန်ရည်ရွယ်ချက်သက်သက်သာဖြစ်သည်။ ကျွန်ုပ်တို့ အသက်တာကို ပြောင်းလဲပြုပြင်ပြီး၊ သားတော်ဘုရား၏ရုပ်လုံးသဏ္ဌာန်တော် ကို ရောင်ပြန်ဟပ် ထင်ရှားစေရမည်အကြောင်းသက်သက်ဖြစ်သည်။ ပြောင်းလဲ ခြင်းအသက်တာနှင့်ဆိုင်သော နှုတ်ကပတ်တော်မှ ကတိတော်များ အောက်ပါ အတိုင်းဖြစ်သည်။ (ရောမ ၈း၃၀)။ ရှင်ပေါလု ကိုယ်တိုင်ရေးသားထားခြင်း ဖြစ်၏။ ခေါ်တော်မူသော သူများကိုလည်း ဖြောင့်မတ်ရာဩဩတည်စေတော်မူ၏။ (ကျွန်ုပ်တို့ကိုဖြောင့်မတ်စေသည်။) ထိုသို့တည်စေသောသူကို ချီးမြေဩှာက်တော် မူ၏။ (သန့်ရှင်းစေခြင်း။) သို့ပါဩဩ ကျွန်ုပ်တို့သည် ကိုယ်တိုင်း ကြိုးစား ပြောင်းလဲရန် ဘုရားရှင်ထားရှိတော်မူခြင်းမျိုးမဟုတ်။ ဘုရားရှင်သည် မိမိ၏ တန်ခိုးတော်နှင့် ပြောင်းလဲခြင်း အသက်တာကို ကျွန်ုပ်တို့အားပေး ပါမည်ဟု ကတိ ထားနှင့်ပြီးသားဖြစ်သည်။
ရောမ (၉) ကိုဖတ်ပါ။ ဘုရားရှင်၏ခေါ်ဖိတ်တော်မူခြင်း၊ ရွေးကောက် တော်မူခြင်း၏အမျိုးအစားအဆိုပါကျမ်းချက်ဩဩ ဖော်ပြထားပါသလား။
————————————————————————————————————————————–
ရောမသြဝါဒစာ အခန်းကြီး (၉) တွင် ရှင်ပေါလုသည် ဘုရားရှင် အထူးရွေးချယ် တာဝန်ပေးခြင်းအကြောင်းကို ဆွေးနွေးတင်ပြထားသည်။ ဣသရေလ လူ မျိုးကို ရွေးကောက် ရာမှာ ကမ္ဘာပေါ်ရှိလူသား များအားလုံး ထာဝရဘုရားရှင်၏ အကြောင်းနှင့် ဆိုင်သော သတင်းကောင်းကို သယ်ဆောင် သွားရန် ရွေးကောက် ခြင်းဖြစ်သည်။ စကားစုဖြစ်သော “ထိုသို့နှင့်အညီ ယာကုပ် ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း” (ရောမ ၉း၁၃)။ ထိုကျမ်းမှာ ညီအစ်ကို အရင်းအချာပင်ဖြစ်သော်လည်း၊ ဘုရားသခင်မှခွဲခြား ချစ်တော်မူတတ်သည်ဟု မှားယွင်းစွာနားလည်လေ့ရှိကြသည်။ မည်သို့ဖြစ်ပါ စေ၊ ထိုစကားစု၌ပင် ရှင်ပေါလုမှအတည်ပြုရေးသားထားသည်၌ ယာကုပ်ကို ဘုရားရှင်ရွေးချယ်၏။ ဧသောကိုမရွေးဟု ဖော်ပြနေပါသည်။ ယာကုပ်ကို ရွေးကောက် ရွေးချယ်ရ ခြင်းအကြောင်း အဘယ်အတွက်ကြောင့်ရှိသနည်း။

ဣသရေလလူမျိုးကြီး၏ဖခင်ဖြစ်လာရန်ဖြစ်သည်။ သို့ဖြစ်ပါ၌ ရွေးချယ်၊ ရွေးကောက်ခြင်း ၌ ဘုရားရှင်နှစ် မျိုး နှစ်စားသတ်မှတ်ထားသည်။ ပထမအချက် အနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အယောက်စီအယောက်တိုင်း တစ်ဦး မကျန်လူသားအားလုံးကို ကယ်တင်ခြင်းရစေခြင်းအလို့ငှာ ပြောင်းလဲပြုပြင်ကြ ပြီး၊ ယေရှုရှင်၏ ရုပ်လုံးသဏ္ဌာန်တော်နှင့် တူသောအသက်တာ မျိုးရှိရန် အလို ရှိတော်မူသည်။ ဒုတိယအချက်အနေဖြင့် ဘုရားသခင်သည် အထူးတာဝန် ထမ်းရွက်စေရန် အထူးပုဂ္ဂိုလ်များကို ရွေးချယ်ရွေးကောက်တော်မူတတ်သည်။ သင်သည် ထာဝရအသက်ကယ်တင်ခြင်းရရှိရန်အလိုငှာ ဘုရားသခင် ကြိုတင်ပုံစံချ ထားနှင့်ပြီးသား ဖြစ်ကြောင်း ရဲရင့်သောသတ္တိဖြင့် ပြတ်ပြတ်သား သားသိထားသင့်ပါသလား။ ထိုသို့မဟုတ်ပြန်လျှင် သင်သည် အကောင်းကို ရွေးသည်ဖြစ်စေ၊ ဆိုးသောအမှုကိုရွေးချယ်ပြုလုပ်သည် ဖြစ်စေ ဘုရားရှင်ပုံစံချ ပေးထားသည့် ကယ်တင်ခြင်းကောင်းကင်နိုင်ငံတော်သည် မဆုံးရှုံးနိုင်တော့ ပါဟု အဓိပ္ပါယ် ဖွင့်နိုင်ပါသလား။

ကြာသပတေး အောက်တိုဘာ ၁၇
ကျွန်ုပ်တို့၏တာဝန်ဝတ္တရား

ဘုရားရှင်ခေါ်ဖိတ်တော်မူခြင်းကို ကျွန်ုပ်တို့ခံရပါမူ၊ ကျွန်ုပ်တို့၌ လွတ်လပ်သော ရွေးချယ်ခွင့်ရှိနေပါသည်။ လက်ခံနိုင်မည်လား၊ သို့တည်းမဟုတ် ငြင်းဆန်မည်လား။ လွတ်လပ်စွာ ရွေးချယ်ပါ။ လက်ခံလိုက လက်ခံနိုင်သည်။ ငြင်းဆန်လိုက ငြင်းဆန်ခွင့်ရှိနေသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိသည် အတိုင်း ကိုယ်တော်ပေးသနားတော်မူသည့်ကယ်တင်ခြင်းကို ရယူလိုက ယူနိုင် ပြီး၊ ဆန္ဒမရှိက မယူဘဲ နှင့်ငြင်းဆန်နိုင်သည်။ အရိုက်အရာတစ်ခုအနေဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုထားရှိပေးနိုင်သည်။ “သို့သော်” ချထားပေး သောအရာကို ရွေးချယ်လိုက်လျှောက်ရန်လိုပါသေးသည်။ ကိုယ်တော်သည် မိမိအတွက်ကို ကျွန်ုပ်တို့အထူးတလည်လုပ်ဆောင်ပေးရန်အလိုတော်ရှိတော် မူသည်။ သူနှင့်တူညီစေရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်၏။ အထူးတာဝန်တစ်ရပ် ကိုပေးအပ်ရန် ဖိတ်ခေါ်တော်မူခြင်းသည် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းကို စီစဉ်ထားပေးခြင်းဖြစ်သည်။ ကိုယ်တော်ဖိတ်ခေါ်တော်မူခြင်းကို လက်ခံ လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်ပေးသောကယ်တင်ခြင်းကို အမှန်တကယ် ကျွနု်ပ်တို့အသက်တာ ပုံစံ၌ ပြသပေါ်လွင်စေ ခြင်းဖြစ်သည်။
ရှောလုမင်းကြီးသည် ရှင်ဘုရင်ရာထူးအပ်နှင်းခံခဲ့ရသည်။ အကြောင်း မလှ၍သာ ရှောလုကိုယ်တိုင်မှ မိမိ၏စိတ်နှလုံးကို ဘုရားရှင်အားအပြည့်အဝ အပ်နှံခြင်းအပြုခဲ့ပါ။ ဘုရားသခင်ခေါ်ဖိတ်တော်မူဩဩ အမှုတစ်ခုကိုအပ်နှင်းခြင်း ခံရသောသူဖြစ်ရသည်နှင့် ထိုပုဂ္ဂိုလ်သည် ဘုရားရှင်ကိုပွေ့ဖက်ပြီးအတူအမြဲရှိ နေသည့်အဓိပ္ပါယ်ဆောင်နေသည်မဟုတ်။ ကျွန်ုပ်တို့၏ လွတ်လပ်သော ဆန္ဒ လုပ်ဆောင်ရန်အတွက် စိတ်ပိုင်းဖြတ်ချက် အပေါ်မူတည် နေပါသည်။ ဘုရားရှင် ၏ပို့ဆောင် ခြင်းကိုလိုက်နာခြင်းမရှိလျှင် အရာရာတိုင်း အရာအားလုံးကို ဆုံးရှုံး သွားရမည်။
ထွက် ၃၊၄ ကိုဖတ်ပါ။ တစ်ဦးတစ်ယောက်ကိုဘုရားရှင်ခေါ်တော် မူ၍ တာဝန်ပေးခြင်းပြုသောအခါ၊ မည်ကဲ့သို့ ဖြစ်လာသည်ဟု ကျွန်ုပ်တို့ကို သွန်သင်ပါသနည်း။
————————————————————————————————————————————–
ကျွန်ုပ်တို့သည် စောဒကတက်ကာ ပြန်လည်ဩဩမေးခွန်းမေးစရာမလို၊ ဧဇရနှင့်နေဟမိကဲ့သို့ ချက်ချင်းတုံ့ပြန်သောသူများဖြစ်နိုင်သည်။ သို့မဟုတ် မောရှေကဲ့သို့ အတွန့်တက်အကြောင်းအမျိုးမျိုးပြကာ ဆင်ခြေဆင်လက်ဩ]ပနိုင် သည်။ နောက်ဆုံးဩဩ မောရှေသွားခဲ့သည်။ ရှောင်ပြေးရန်လုံးဝမဩှူကိးစားခဲ့ပါ။ သူသည် အကြောင်းမျိုးစုံကိုပြပြီး ဆင်ခြေဆင်လက်ဩ]ပသည်။ မိမိကိုယ်ကို ကောင်းသောသူမဟုတ်၊ ပြည့်စုံသောသူမဟုတ်၊ ဘာတစ်ခုမျှတတ်သူမဟုတ်၊ အရေးပါသောရာထူးလည်းမရှိ။ ထိုကြောင့် ဖာရောမင်းအနေဖြင့် သူ၏စကား ကိုအဖက်လုပ် နားထောင်မည်လား။ ယုဒလူများသူ့ကိုမယုံသင်္ကာဖြစ်ပြီး၊ သူ၏ စကားကိုမယုံကြည်မှာ ကိုလည်းစိုးရိမ်၏။ လုပ်ဆောင်မှုအားလုံး အလဟဿ ဖြစ်သွားနိုင်သည်။ ထပ်ဆင့်အကြောင်း ပြချက်မှာ သူသည် မိမိကိုယ်ကို အရည်အချင်း မမီဟု ဆင်ခြေပေးသည်။ “အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ ၏” (ထွက် ၄း၁၀)။ လိုအပ်သောတတ်ကျွမ်းမှုမရှိ။ နောက်ဆုံးဩဩ အခြား သူတစ်ဦးကိုသာစေလွှတ်ရန် ဘုရားရှင်ကိုပြန်လည်ပြောဆိုခဲ့သည်။ မောရှေ ၏အကြောင်းကို ကျွန်ုပ်တို့ဖတ်ရသည်နှင့် သူဩဩအားနည်းချက်ရှိသော်လည်း အားအင်ပြည့်ဝကြောင်းတွေ့ရသည်။ မောရှေခေါင်းဆောင်ကောင်းတစ်ဦးဖြစ် လာခဲ့သည်။ သူသည် တာဝန်ကိုသစ္စာရှိရှိလုပ်ဆောင်သူဖြစ်သည်။ ဘုရားရှင် ခေါ်ဖိတ်တော်မူသည်နှင့် ဦးလည်မသုန်၊ သစ္စာရှိရှိ မိမိ၏တာဝန်ကို ရဲရဲတောက် ထမ်းရွက်ခဲ့သည်။
ဘုရားရှင်မှကျွန်ုပ်တို့ကိုစေခိုင်းကြောင်းသိရသောအခါ ကျွန်ုပ်တို့ မကြာခဏဆင်ခြေပေးရှောင်ဖယ်တတ်ပါသလား။

သောကြာ အောက်တိုဘာ ၁၈
ထပ်ဆင့်လေ့လာရန်

ပုရောဖက်နှင့်ဘုရင်များစာအုပ်ဩဩ စာမျက်နှာ ၆၉၇-၆၉၉ ကိုသေချာ စွာဖတ်ပါ။ သီတင်း (၇၀) ၏ပုရောဖက်ပြုချက်နှင့် ပြည့်စုံလာပုံအကြောင်း ရေးသားထားသည်။
“ခရစ်တော်လာမည့်အချိန်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက် ခံမည့်အကြောင်း၊ ကိုယ်တော်၏အသေခံခြင်း၊ ဧဝံဂေလိသတင်း တစ်ပါး အမျိုးသားထံပျံ့နှံ့သွားခြင်း စသည်စသည် အကြောင်းများသည် တိကျသော အချိန်အခါဖြင့်ညွန်ပြခဲ့သည်။ ဂျူးလူမျိုးများ ပုရောဖက်ပြု စကားကိုနားလည် နိုင်ရန်အခွင့်၊ ယေရှုရှင်၏ အမှုတော်ဆောင် ခြင်း၏ပြည့်စုံလာသောအချက်များကို လက်ခံရန်အခွင့်ကောင်းများရှိခဲ့သည်။ ခရစ်တော်ရှင်သည် မိမိ၏ တပည့်တော် များကို ပုရောဖက်ပြုချက်နှင့်ဆိုင်သော ရေးသားချက်များကို လေ့လာရန်တိုက်တွန်း အားပေးခဲ့သည်။ ပုရောဖက်ဒံယေလ အနာဂတ္တိ ၌ အချိန်နှင့်ဆိုင် သောပုရောဖက် ပြုချက်သည် အရေးပါလှသည်။ ကိုယ်တော်ကလည်း “ကျမ်းစာကိုကြည့်သော သူသည် နားလည်ပါစေ” (မဿဲ ၂၄း၁၅)။ ကိုယ်တော်ရှင်ပြန်ထမြောက်ပြီး နောက် တပည့်တော်တို့ကိုရှင်းလင်းမြွက်ကြားသောစကားတွင် “ပုရောဖက် တို့၏ကျမ်းစာများ” “ကိုယ်တော်ကိုရည်မှတ်ဩဩရေးထားသမျှသောကျမ်းချက်” လုကာ ၂၄း၂၇။ ကယ်တင်ရှင်သည် ပုရောဖက်၏စကားအလုံးစုံကို ပြန်လည် ပြောကြားခဲ့သည်။ “သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်၊ ခရစ်တော် ခံတော်မူရသောဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြောဆိုထားသည်” (၁ပေ ၁း၁၁)။ Ellen G. White, The Desire of Ages, p. 234.