Nehemiah

သင်ခန်းစာ (၂)
နေဟမိ
အောက်တိုဘာ ၅ – ၁၁

ဥပုသ်နေ့မွန်းလွဲပိုင်း အောက်တိုဘာ ၅

ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၁-၂။ တရားဟော ၇း၉။ ဆာလံ ၂၃း၁-၆။ တောလည် ၂၃း၁၉။

အလွတ်ကျမ်းချက်

“ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍ ကောင်းကင်ဘုံ ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာဟူမူကား၊ အိုကောင်းကင်ဘုံ ၏အရှင်ဘုရားသခင်ထာ၀ရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဖွယ်သော ဘုရား၊ ပညတ်တော်တို့ကိုနှစ်သက်၍ ကျင့်စောင့်သောသူတို့နှင့်ဖွဲ့သော ကရုဏာ ပဋိညာဉ် ကိုမဖျက်၊ တည်စေသောဘုရား” (နေဟမိ ၁း၄၊၅)။

သုံ့ပန်းအဖြစ်ပါသွားရာမှ ယုဒပြည်သို့ ပြန်လာကြသောပြည်တော်ပြန် ပထမအသုတ်နှင့် ဒုတိယအသုတ် တို့၏အချိန် ကာလကို ရေတွက်မိသော်၊ ဟေဗြဲ တိုင်းပြည်အတွက် ဘုရားရှင်ထားတော်မူသောကတိတော်ကို တစ်စိတ်တစ်ပိုင်း ပြည့်စုံ သွားစေခြင်းဖြစ်သည်။
နောက်ထပ်အဖွဲ့တစ်ဖွဲ့လည်း ဘုရားသခင် ပြင်ဆင်ပေးသေးသည်။ ဖမ်းသွားချုပ် ထားခြင်း ကိုခံရသူများမှ နောက်ဆုံး ပြန်လာသော အဖွဲ့၊ ပြဿနာ အရပ်ရပ်ကိုဖြေရှင်းရမည့်အဖွဲ့ပင်ဖြစ်သည်။
ပထမပိုင်းအသုတ်နှစ်သုတ်ပြန်လာပြီး ယေရုရှလင်မြို့ကိုပြန်လည် တည်ဆောက်ရန်နှင့် ဗိမာန်တော်ကို အပြီးသတ်ပြန်လည် ပြုပြင်ရန်ဖြစ်သော် ငြားလည်း တည်ဆောက်ခြင်းအမှုကို ပတ်ဝန်းကျင်တိုင်းပြည်များက ဖျက်လို ဖျက်ဆီးအနှောင့်အယှက် ပေးနေ ကြ၏။ ဘေးပတ်ဝန်းကျင်မှနိုင်ငံများသည် ဣသရေလ လူမျိုးများမြို့တော်ကို ပြန်လည်ပြင်ဆင်ခြင်းအမှုကို လုံး၀ မလိုလား ကြ။ ယေရုရှလင်မြို့ရိုးတစ်ဖန်ခိုင်ခံ့ပြီး၊ ဣသရေလလူမျိုးများအားအင် တောင့်တင်းပြီး တစ်ချိန်ကကဲ့ သို့ အင်အားကြီး မည်ကို အလွန်ကြောက်ရွံ့နေကြ သည်။ (ဧဇရ ၄း၆-၂၄)။ သို့အတွက်ကြောင့် ပြန်လာသောဣသရေလလူမျိုး များကိုခြိမ်းခြောက်၏။ ရည်မှန်းချက်များရပ်တန့်သွားအောင်ကြိုးစားကြ၏။ ဘုရားသခင်သည် မိမိ၏ လူမျိုးကို ပြန်၍ခေါ် လာရာ၌ ရည်ရွယ်ထားသော လုပ်ဆောင်ချက် များရပ်တန့် သွားစေမည့်အခွင့်ပေးရန်အတွက်မဟုတ်၊ လုပ်ဆောင် ရန်ကို ခေါ်တော်မူခြင်းဖြစ်သည်။
သို့ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးကိုရွေးချယ်ပြီး ကိုယ်တော်သည် မိမိ ၏ ရည်ရွယ် ချက်ပြည့်စုံရန် ထပ်မံပြင်ဆင်တော်မူသည်။ ထိုပုဂ္ဂိုလ် ၏ နာမည် မှာ နေဟမိဖြစ်သည်။ သူ၏ အကြောင်းနှင့် သူ၏ လုပ်ဆောင် မှုကို ကျွန်ုပ်တို့ကြည့် ကြစို့။

တနင်္ဂနွေ အောက်တိုဘာ ၆
နေဟမိသည်သတင်းဆိုးကိုရရှိသည်

နေဟမိမှတ်စာကိုစတင်ရေးသားပုံမှာ ဒံယေလကျမ်းကိုစတင်ရေးသား ပုံနှင့်ဆင်တူသည်။ (ဒံယေလ ၁း၁-၂ ကိုဖတ်ပါ။) သတင်းဆိုး ကြီး နှင့် စတင် ရေးသားလာသည်။ မှန်ပါသည်။ လူများစွာသည် ဘိုးဘေး များပိုင်ဆိုင်ခဲ့သည့် ဇာတိမြေသို့ ပြန်လာခဲ့ကြသော်လည်း အခြေအနေ သိပ်မလွယ်ကူလှပါ။
နေဟမိ ၁း၁-၄ ကိုဖတ်ပါ။ နေဟမိသည် အဘယ် ကြောင့်အကြီး အကျယ်စိတ်ပျက်ခဲ့ရသနည်း။ သူရရှိသော သတင်း ဆိုးအပေါ် မည်သို့တုံ့ပြန် ခဲ့သနည်း။
————————————————————————————————————————————–
အချို့သောဂျူး လူမျိုးများသည် နှစ်အတန်ကြာစောပြီး ရှူရှန်နန်းတော် သို့ဖမ်းဆီး ခေါ်ဆောင် သွားခြင်းခံခဲ့ရသည်။ ပါရှန် အင်ပါယာ ၏အချုပ်အခြာ အုပ်ချုပ်ရေး ဌာနချုပ် လေးခုအနက် တစ်ခုဖြစ်သည်။ ထိုနန်းတော်၌ နေဟမိ သည် ဖလား တော်ဝန် တာဝန်ကို ထမ်းဆောင်ရသည်။ “ငါ၏ညီအစ်ကိုများထဲ မှတစ်ဦးဖြစ်သော ဟာနနိ” ဆိုသောစကားရပ်မှာ တစ်အူ ထုံ့ ဆင်းညီအစ်ကို အရင်းဖြစ်နိုင်ချေများသည်။ အကြောင်းမှာ နေဟမိ ၇း၂ တွင် ထိုနာမည် ကို ရင်းရင်း နှီးနှီး ခေါ်ဝေါ်သုံးစွဲထားသည်။ သို့သော်လည်း ဣသရေလူထဲမှ လည်းဖြစ်နိုင်ပါသည်။ ဟာနနိ နှင့် ဆွေးနွေး ပြောဆိုခဲ့သော အချိန်သည် ဘီစီ ၄၄၅၊ နိုဝင်ဘာလအလယ်နှင့် ဒီဇင်ဘာလအလယ်စပ်ကြားအချိန်တွင်ဖြစ်မည်။ ဧဇရမှ ယေရုရှလင် သို့ ပြန်သွား ပြီးနောက် (၁၃) နှစ်အကြာတွင်ဖြစ်သည်။ ဟာနနိသည် ယေရုရှလင်မြို့၏သေရေးရှင် ရေးအခြေအနေကို အစီရင်ခံ သည်။ ယေရုရှလင် မြို့ကို လူအများပြန်လည် ပြုပြင်ရန်မတတ်နိုင်တော့ပါ။ ရန်သူများ လာ၍မြို့ရိုးတို့ကိုဖျက်ဆီးကြသည်။ ယိုယွင်းပျက်စီးပြီး၊ မလုံမခြုံဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။
ရှမာရိလူမျိုးများ မြို့တော်၏မြို့ရိုးကို လာရောက်ဖျက်ဆီးပစ်သည့် ကောလာဟလသတင်းများကို နေဟမိကြား ကောင်းကြား ရလိမ့်မည်။ သို့သော် တိကျသောအဖြေကိုမူမရရှိသေး။ ပို၍ဆိုးသည်မှာ မြစ်တစ်ဖက်မှလူတို့၏ ဝေဖန်အပြစ်တင်ခြင်းကြောင့် အာတေဇေရဇ် မင်းကြီးကိုယ်တိုင် ပြုပြင်လက်စ ယေရုရှလင်မြို့ကို ရပ်ထားရန် အမိန့်ပေးမှုကြောင့် ပြည်တော်ပြန်ပုဂ္ဂိုလ်များတို့ ၏မျှော်လင့်ချက် ပျက်သုဉ်းကြရပြန်သည်။ (ဧဇရ ၄)။ ဗိမာန်တော်ကိုပြန်လည် ပြုပြင်ပြီး သော်လည်း ဗိမာန်တော်နှင့် ဆိုင်သော ဝတ်ကြီးဝတ်ငယ်ကိစ္စများသည် ယေရုရှလင်မြို့၌မပြုလုပ်နိုင်သေးပါ။ နေဟမိ ၏ နှလုံးသား ကိုထုတ် ချင်း ခတ် နာကျင် စေသည့်သတင်း တစ်ပုဒ်မှာ ဂျူးလူမျိုး များသည် ပြန်လာရခြင်း၏ရည်ရွယ်ချက်ဖြစ်သော ဘုရားဘုန်း တော်ကိုထင်ရှား စေခြင်း မပြုကြ ကြောင်း သတင်းဖြစ်သည်။ ဘုရားသခင် ၏အိမ်တော်နှင့် သန့်ရှင်း သောမြို့တော်ကိုပစ်ထားပြီး ရန်သူ၏ခြိမ်း ခြောက်ခြင်း၊ ဖိနှိပ်ခြင်းကို ကြောက်ဒူး တုန်နေကြ၏။
သို့ဖြစ်လျှင် နေဟမိသည် အလိုအလျောက်ဘုရားရှင်ထံသို့မျက်နှာ လှည့်တော့သည်။ ယုံကြည်ခြင်းနည်း၍ သူရဲဘော ကြောင် သော ယုဒလူတို့ကို အပြစ်မတင်၊ အခြေအနေက ထိုသို့ဖြစ်လာပြီးမတတ်နိုင်ဟူ၍လည်းသဘော မထား၊ နေဟမိသည် ဒူး နှစ်ဖက်ထောက် လျက် စတင်ပြီးအစာရှောင်ဆုတောင်း ပါတော့သည်။
သတင်းဆိုးကြီးကြောင့် နေဟမိငိုကြွေးခဲ့ရသည်။ အစာရှောင်ခဲ့ရသည်။ ဆုတောင်းခဲ့ရသည်။ ကျွန်ုပ်တို့အတွက် ထိုသို့ စုံစမ်းခြင်းနှင့် ရင်ဆိုင်လာခဲ့ရ သော်၊ ဘုရားသခင်ကို တောင်းလျှောက် ရန်လိုအပ်ပါသလား။

တနင်္လာ အောက်တိုဘာ ၇
နေဟမိ၏ဆုတောင်းချက်

နေဟမိ၏ဆုတောင်းချက်ကို (နေဟမိ ၁း၅-၁၁) ဖတ်ပါ။ ဆုတောင်း ချက်၌ ခြားနားချက်မည်သို့ရှိသနည်း။ သူ၏ကိုယ်၌က မထိုက် တန်သူဟု အဘယ်ကြောင့် ဆုတောင်းချက်၌ ထည့်သွင်းထားရသနည်း။
————————————————————————————————————————————–
၁။ ကြီးမြတ်၍ကရုဏာပဋိညာဉ်ကိုမဖျက် (နေ ၁း၅) ၂။ အကျွန်ုပ်ကိုနားထောင်ပါ (နေ ၁း၆) ၃။ အပြစ်ကိုဝန်ချခြင်း (နေ ၁း၆၊၇)
၄။ ကတိတော်ကိုအောက်မေ့ပါ (နေ ၁း၈၊၉) ၃။ ကိုယ်တော် ရွေးနုတ်တော်မူသော (နေ ၁း၁၀)
၂။ အကျွန်ုပ်ကိုနားထောင်ပါ (နေဟမိ ၁း၁၁)။
၁။ ထာ၀ရဘုရားသည် ကြွယ်၀ခြင်းနှင့်ကရုဏာတော်ကိုချပေးတော်မူသည် (နေ ၁း၁၁)
နေဟမိ၏ဆုတောင်းချက်၌ ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းကို လှပစွာပြန်လည်ရေတွက်နေသည်။ လူမျိုးတို့၏အပြစ်များ လှကြောင်းကို ဝန်ခံ ကာ၊ မစတော်မူပါရန်ဖြင့် ဆုတောင်းချက် ကိုအဆုံး သတ်သွားသည်။ ဆုတောင်း ချက်မှာ ဒံယေလအခန်းကြီး (၉) ၌၊ ဒံယေလ ၏ဆုတောင်း ချက်ကိုပင် ပြန်၍ မူနာ ယူ တောင်း လျှောက် ခြင်းဖြစ်သည်။ နေဟမိသည် ယင်းဆုတောင်း ချက်မျိုးနှင့် ရင်းနှီးခဲ့ခြင်း ဖြစ်နိုင်ချေရှိသည်။ ဆုတောင်းချက်စသည်နှင့် နေဟမိ သည် အကူအညီမစ ခြင်းတောင်း ခံရန်မထိုက်တန် ပါ။ ထာ၀ရဘုရားရှင်သည် မည်သို့ရှိကြောင်းကို အမှန်အတိုင်းဦးစွာဖွင့်ဟရသည်။ ကြီးမြတ်တော်မူကြောင်း ကို ကြွေးကြော် ရသည်။ ဘုရားသခင်သည် ထားရှိသော ပဋိညာဉ် ၌တည်၍ ကိုယ်တော် ကို ချစ်သောသူတိုင်းအပေါ် ရုဏာတော်သွန်းလောင်း ပေးကြောင်း ကိုလည်း ဖော်ပြသည်။ ထာ၀ရဘုရားသည် သစ္စာနှင့်အစဉ် တည်တော် မူကြောင်း တုန်လှုပ်ယိမ်းယိုင်ခြင်းမရှိကြောင်းကို လှပစွာရွတ်ဆိုခဲ့သည်။
ဆုတောင်းချက်၌ ဖွဲ့စည်းတည်ဆောက်ပုံမှာ အထက်ဖော် ပြပါအတိုင်း အခန်းငယ် (၈) ကိုဗဟိုထားသည်။ ဘုရားရှင်၏ ကတိတော် အကြောင်းကို ပီသစွာရွတ်ဆိုသွားသည်။ နေဟမိ ဆိုခဲ့သော ဆုတောင်းချက်၌ “အောက်မေ့ တော်မူပါ” တစ်နည်းဆိုရသော် “အရှင်ဘုရားအောက်မေ့တော်မူပါ။” ကိုယ်တော် ၏ကတိတော်မှာ ကျွန်ုပ် တို့သည် သစ္စာပျက်လျှင် ကိုယ်တော် စွန့်လွှတ်တော် မူမည်။ သို့သော် ကျွန်ုပ်တို့ ကိုပြန်၍ အထံတော်သို့ခေါ်တော်မူမည့်ကတိတော် လည်းရှိ၏။ ရှေ့အရာသည် ဖြစ်ခဲ့ပြီဖြစ်၍ ယခုအခါတွင် ကိုယ်တော်ထံသို့ အကျွန်ုပ်တို့ပြန်လာပါပြီ။ နေဟမိသည် ဘုရားရှင်၏ ကတိတော် ကိုတောင်းခံ ရန် ကြောက်ရွံ့စိတ်မရှိပါ။ ဘုရားရှင်ကိုကတိအတိုင်းလုပ်ဆောင်ပါရန်လည်း သတိပေးရဲ၏။ မှန်သည်၊ ဘုရားရှင်သည် မိမိ၏ကတိကိုမသိ၍မဟုတ်၊ မေ့လျော့နေ၍လည်းမဟုတ်ပါ။ ကျွန်ုပ်တို့ တောင်းလျှောက်ခြင်းကို ဘုရားရှင် နှစ်သက်တော်မူ၏။ ထိုကတိများအပေါ် ကျွန်ုပ်တို့ယုံကြည်နေသည်ကို ကိုယ်တော်အလိုတော်ရှိသည်။ သို့ဖြစ်၍ ကျယ်စွာဖြင့် ကိုယ်တော်ကိုတောင်း လျှောက်စေလိုသည်။ နှုတ်အားဖြင့် ဘုရားရှင်မည်သည့်ကတိတော်ရှိကြောင်း ကျွန်ုပ်တို့ ကိုးစား ယုံကြည်လျက်၊ ထိုကတိတော်များအပေါ် ခွန်အားယူကြရမည်။ အထူးသဖြင့် အရာခပ်သိမ်း မျှော်လင့်စရာ လမ်း မရှိသော အချိန်မျိုးတွင် ကိုးစား ယုံကြည် လျက် ကတိတော်ကို ရေရွတ်ပြီး တောင်းလျှောက်ပါ။ သင်ကိုယ်တိုင် ယခုတောင်းယူရန် ည်သည့်ဘုရားရှင်၏ကတိတော် မျိုးရှိနေ သနည်း။ ဇွဲမလျှော့တမ်း၊ မရမချင်းတောင်းယူရန် အဘယ်ကြောင့် အလွန် အရေးကြီးသနည်း။ (သင်လက်လျှော့ခဲ့မိသော် သင့်အတွက်မည်သည့် အကျိုးရှိမည်နည်း။)

အင်္ဂါ အောက်တိုဘာ ၈
နေဟမိစကားပြောရခြင်း

နေဟမိ ၁း၁၁ ၌ နေဟမိသည် ဘုရင်ကြီးသောက်သောခွက်ဖလား ကို စီစဉ်ဆက်သပေးသူဟုဖော်ပြသည်။ ခွက်ဖလားကိုင်ပြီး ယူလာပေးရခြင်း အလုပ်သည် အရေးမပါလှသောအလုပ်ဟု လူတို့ထင်မှတ်ကြ၏။ သို့သော် ငြားလည်း မင်းကြီး သောက်ရန် စီစဉ် ယူလာသောသူသည် ဘုရင်ကြီး၏လူယုံ နန်းတွင်းဩဇာရှိသူတစ်ဦးဖြစ်ရမည်။ ဘုရင်မင်းကြီး၏ ကျန်းမာရေး အတွက် မထိခိုက်စေရန်၊ အ ဆိပ်ခတ် ခြင်းမရှိစေရန် ရှေးဦးစွာဖလား တော်ကိုင်မှမြည်းစမ်း ပြီး အရသာ ပြည့် မပြည့် ကို စီစဉ်ပေးရ သည်။ ဟီရိုဒိုးတပ်သည် ပါရှန်အင်ပါယာ ကောင်းစားစဉ်အချိန်က ဖလားတော်ဆောင် ရာထူးကို အလွန်အလေးထား ဂုဏ်ပြုပေးသည်။ အထက်တန်း အုပ်ချုပ် ရေးရာထူး အတန်းအစား၌ သတ်မှတ် ပေးထားသည်။ အာရှုရိမင်းကြီး ဟီရှာဟာဒုန် သည် လည်း ဖလားတော်ကိုင် သူကို နိုင်ငံတော်၏ ဝန်ချုပ်ရာထူး ကိုပေးထား ကြောင်း လေ့လာရသည်။
ထိုသို့ကြောင့် နေဟမိသည် ပါရှန်နိုင်ငံ၌ မြင့်သောရာထူး ကြီးကို ရရှိပိုင်ဆိုင်ထား ခြင်းမှာ ဘုရင်မင်း မြတ်၏ မျက်နှာသာ ပေးခံရခြင်းကြောင့်ဖြစ်သည်။ ယုဒနိုင်ငံ ၏ရှိ နေမှုအခြေအနေကို ဘုရင်အားပြောပြနိုင်ရန် ဘုရားသခင်ကိုနေ့စဉ် ဆုတောင်း၏။
နေဟမိ ၂း၁-၈ ကိုဖတ်ပါ။ နေဟမိ၏ဆုတောင်းခြင်း၊ အစာရှောင် ခြင်းကြောင့် မည်သည့် ရလဒ်ကောင်းများရရှိသနည်း။
————————————————————————————————————————————–
ဆုတောင်းခြင်း၏အဖြေကို နိဆန်း (Nisan) လ၊ သို့မဟုတ် အင်္ဂလိပ်လအားဖြင့် (ဧပြီလလောက်) ဘီစီ ၄၄၄ တွင်ရရှိခဲ့သည်။ စိတ်ပျက် စရာ ယေရုရှလင်မြို့ အကြောင်းကို အာနနိနှင့်အခြား ဂျူးလူမျိုးများ နေဟမိ ထံ သတင်း ပေးချိန်မှစ၍ အချိန် လေးလ ကြာညောင်းခဲ့သည်။ နေဟမိဆုတောင်း ခြင်း၊ အစာရှောင်ခြင်းလေးလ ကြာမြင့်ခဲ့သည်။ နေ့စဉ်ဆုတောင်း နေခဲ့ သော်လည်း ဘုရားသခင်မှ ဂရုမစိုက်သည့် ပုံစံပေါက်နေသည်။ သို့သော်လည်း ဘုရာသခင်၏ အချိန်သည် အစဉ်အမြဲအံကိုက် ဖြစ်နေသည်။ ဘုရားသခင်သည် ရှင်ဘုရင်၏နှလုံးသား ကိုတို့ထိပြီး နေဟမိ ပြောသမျှကို သဘောတူရန်၊ အခွင့် ပေးရန် ပြင်ဆင် တော်မူခဲ့သည်။
ဘုရင်မင်းကြီး၏ခွက်ဖလားကို စီစဉ်ကိုင်ဆောင် ပေးနေရသော ဖလား တော်ကိုင်တစ်ဦးသည် သာမန်အားဖြင့် ရာထူး မှနုတ်ထွက်ပြီး အခြားဒေသ၌ အုပ်ချုပ်သူအစိုးရ တစ်ဦးဖြစ်ရန်မလွယ်ကူလှပါ။ ဘုရားသခင်သည် နေဟမိကို စကား ပြောစေ ခြင်းဖြင့် အာတေဇေရဇ်မင်း ၏ စိတ်ကို နိုးဆော်ကာ၊ ယုဒတိုင်း ဒေသတစ်ခွင် နယ်စားကြီးရာထူး ကိုပေး စေပါသည်။ မိဖုရားသည် မည်သို့ သောအခါ မျှသီးသန့်အချိန်တွင် အကြံဥာဏ်ဝင်ရောက် ပေးခွင့်မရှိ။ ထုံးစံဓလေ့ အရ၊ ပွဲတက်ခြင်း နှင့် စားပွဲသောက် ပွဲများတွင် ပါဝင်ခြင်းမရှိတတ်။ နေဟမိ သည် ယေရုရှလင်မြို့၏အကြောင်းကို အလျင်စလိုပြောခြင်းမပြုခဲ့ပါ။ ဘုရင်၏အခြေအနေ၊ အနေအထားကိုသုံးသပ်ပြီးမှ ဘုရင်ကြီးစိတ်နှလုံးရွှင်လန်းသော အချိန်ကိုရွေးကာ နှစ်ကိုယ် ကြားပြော ကြားရ သည်။ ဘုရင်ကြီးအောင်မြင်မှုရ သောအချိန်၊ နေရာမျိုးတွင်မှ ပြောထွက်ခဲ့ရသည်။
နေဟမိ၏ အနေအထားအခွင့်အခါနှင့် ဒံယေလဗာဗုလုန်၌ ရှိစဉ်အနေ အထားအခွင့်အခါကို နှိုင်းယှဉ်လေ့လာကြည့်ပါ။ နေဟမိ၏ စာရိတ္တကိုသဘော ကျ ပြီး ဘုရင်ကြီးမှမြှောက်စား ရသောအချက် မည်သို့ရှိသနည်း။

ဗုဒ္ဓဟူး အောက်တိုဘာ ၉
နေဟမိကိုစေလွှတ်ခြင်း

ဘုရင်မင်းကြီးသည် အမိန့်စာနှင့်အတူနေဟမိကို ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ ဆီသို့ စေလွှတ်လိုက်သည်။ ထိုသူတို့သည် မြစ်တစ်ဖက်ရှိနယ် မြေကို အပိုင်စား ရသောသူများဖြစ်ကြသည်။ ထိုအမိန့်စာ ပါရှိချက်မှာ နေဟမိသွားရာလမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချ မှုရှိရန် ကာကွယ်ပေး ခြင်း နှင့် လိုသမျှကိုကူညီပေးခြင်းတို့ပါရှိသည်။ ရှင်ဘုရင် ၏သစ်တောကိုအုပ်ချုပ်ကွပ်ကဲရသော သစ်တော ဝန်ကြီး အာသပ်ကိုလည်း နေဟမိ က ယေရုရှလင် မြို့ကို တည်ဆောက်ရန် နံရံများ၊ ဗိမာန်တော် တံခါးပေါက် များအတွက် အလိုရှိသမျှသစ်တုံး၊ သစ်သား၊ သစ်ပြားများကို လိုလေသေး မရှိစီစဉ်ပေးရန်အမိန့်ချပေးသည်။
နေဟမိ ၂း၉ ကိုဖတ်ပါ။ နေဟမိ နှင့်ဂျူးလူမျိုးများကြုံတွေ့ရင်ဆိုင် ရသော ဆန့်ကျင်မှု၊ နှောင့်ယှက်မှုများသည် သာမန်အားဖြင့် မည်သည့် အကြောင်းများဖြစ်သနည်း။
————————————————————————————————————————————–
နေဟမိသည် ယေရုရှလင်မြို့သို့ပြန်လည်ရောက်ရှိသွားသောခုနှစ်မှာ ဘီစီ ၄၄၅/၄၄၄ ဝန်းကျင်၌ဖြစ်သည်။ ဆန့်ကျင်မှု၊ နှောင့်ယှက်မှု၊ တိုက်ခိုက် မှုများ နေဟမိကိုအဆင်သင့်ဝန်းရံထားနေသည်။ နယ်ပိုင်နယ်စားများထံ အဆို တင်သွင်း တောင်းလျှောက် မှုတိုင်းသည် ပြဿနာ ဖြစ်လာသည်။ “တောဘိ” ဟူသည့်နာမ၏အဓိပ္ပါယ်မှာ “ထာ၀ရဘုရားရှင် သည် ကောင်းမြတ် တော်မူ၏” ဖြစ်သည်။ ဂျူး ဝေါဟာရ ဘာသာစကား ဖြစ်သည်။ (သူ၏သား “ယောဟနူန်” ၏ အမည်သည်လည်း ယုဒဘာသာစကား ဖြင့်မှည့်ခေါ်ထားသည်။) အဓိပ္ပါယ် မှာ “ဘုရားရှင်သည် ကရုဏာနှင့် ပြည့်စုံတော် မူ၏။” အမ္မုန်မြို့စားကြီး ၏အမှု ကိုထမ်းရွက်သူဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ယေရုရှလင်မြို့တော် သည် ရန်သူများ ပတ်ပတ်လည် ဝန်းရံလျက် ရှိသော အနေအထား မှာရှိသည်။ သမ္ဘာလတ်- မြောက်ပိုင်း ရှမာရိ၏ နယ်ပိုင်ကြီး ဖြစ်သည်။ တောဘိ- အမ္မုန်နယ်၏အရှေ့ ပိုင်းကိုစားရသော နယ်စားကြီးဖြစ်သည်။ ဂေရှင်- အာရပ်အမျိုးသား (နေဟမိ ၂း၁၈၊၁၉) တောင်ဘက်တွင်နေထိုင်၍ ယေရုရှလင်မြို့တည်ဆောက်ခြင်းကို ဒုက္ခပေး၏။ ဧဒုန်ပြည်နှင့်မောဘပြည် ကို အပိုင်စား ရထား ကာ အုပ်ချုပ်စိုးစံသူ ဖြစ်သည်။ ထိုဖိအားများကြောင့် ဒေသတွင်း ခေါင်းဆောင်များပင်လျှင် နေဟမိ ကိုကူညီမစရန် ရှောင်ဖယ် ရှောင်ဖယ် ပြုနေကြသည်။ ပတ်ချာလည်မှအင်အား ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်ကြ၏။
နေဟမိသည် ယေရုရှလင်မြို့သို့ စစ်တပ်ကြီးနှင့်အစောင့်အရှောက် များရောက်လာသည်။ အရေးပါသော ကိစ္စတစ်ခု ကို လုပ်ဆောင်ရန် ဧက္ကရာဇ် မင်းကြီးမှလွှတ်လိုက် သည့်ပုံစံမျိုးဖြစ်သည်။ မြို့တော်အနီးတစ်ဝိုက် နေထိုင်သော တစ်ပါး အမျိုးသားများ အဖို့ မနာလို သဝန်တိုစေသောမြင်ကွင်း ပင်ဖြစ်သည်။ ယင်းလူမျိုးများသည် ဂျူးလူမျိုး ကိုမကြာ ခဏ တိုက်ခိုက် လုယက် ဒုက္ခပေး သူများ ဖြစ်ကြသည်။ လုယက်တိုက်ခိုက်မှုများကို ဦးဆောင်သူများမှာ ဟောရနိအမျိုး သမ္ဘာလတ်၊ အမ္မုန်အမျိုးသား တောဘိနှင့် အာရပ်လူမျိုးဂေရှင်ပင်ဖြစ်သည်။ ထိုသူတို့သည် နေဟမိ၏ လှုပ်ရှား မှုမှန်သမျှကို မျက်ခြည်မပြတ် ဒေါက်ထောက် ကြည့်ရှုပြီး ဝင် ရောက် ဖျက်ဆီးရန်၊ အားအင်ချည့်နဲ့သွားရန် အမြဲကြံစည် လုပ်ဆောင်၏။” (Ellen G. White, Prophets and Kings, p. 635).
သမ္မာကျမ်းစာ၌ ဘုရားသခင်ရွေး ကောက် တော်မူပြီး၊ ဆန့်ကျင်တိုက်ခိုက် ခြင်းခံရသောပုဂ္ဂိုလ် တစ်ဦးတလေအကြောင်း သင်သိရှိပါသလား။ အတန်း သားများ ကိုဝေငှပြောကြားပေးပါ။

ကြာသပတေး အောက်တိုဘာ ၁၀
တာဝန်အတွက်ပြင်ဆင်မှုပြုသောနေဟမိ

ဘုရားရှင်သည် နေဟမိကိုခေါ်တော်မူ၍ လိုအပ်သမျှကိုစီစဉ်ပေး ကြောင်း ကျွန်ုပ်တို့သံသယရှိရန်မလိုပါ။ ဘုရားသခင်၏ ကတိတော်ကို အသိ ဥာဏ်နှင့်ယှဉ်၍ ကိုယ်တော်၏ခေါ် တော်မူခြင်းကို ရဲရင့်စွာလက်ခံသည်။ သို့သော် ငြားလည်း ရှေ့သို့တိုးသော အမူအရာတိုင်းတွင် သတိပညာအသိဥာဏ်ကိုမလွှတ်၊ ဆုတောင်းခြင်း အမှုကိုအထူးစွဲကိုင်ကာ ရှေ့သို့ဆက်လှမ်းသည်။ တစ်နည်းဆိုရ သော် ဘုရားသခင်သည် သူနှင့်အတူရှိ နေကြောင်းကိုသိ နေသည့်တိုင် ထိုသိနေ သည့်အရာကပင် သူ့အားကျေနပ်မှု ကိုမဖြစ်စေသေး၊ မည်သို့ဆက်လက် လုပ်ဆောင်ရန်ကို သာ၍စဉ်းစားဆင် ခြင်ဆုံးဖြတ်၏။
နေဟမိ ၂း၁၁-၂၀ ကိုဖတ်ပါ။ ယေရုရှလင်မြို့ကိုပြန်လည် တည်ဆောက်ရန်အတွက် နေဟမိသည် မည်သို့ စီမံကိန်း ချမှတ်လုပ်ဆောင် သနည်း။
————————————————————————————————————————————–
ခေါင်းဆောင်မှုသင်ခန်းစာ။ သင်ခန်းစာ (၁)- နေဟမိသည် စိတ်ထဲရှိ သောအကြံအစည်ကို မည်သူ တစ်ဦးတစ်ယောက် ကိုမျှထုတ်ဖော်မပြောဘဲ စိတ်ထဲ၌သာထား၏။ “ငါ၏ဘုရားသခင်သည် ငါ့အားအဘယ် သို့အကြံပေး သည်ကို အခြားသောသူတစ်ယောက်အားမျှမပြော” (နေဟမိ ၂း၁၂)။ မိမိ၏ အကြံအစည်ကို ရန်သူများ အားအသိ မပေးသည့် အပြင် ယုဒ အကြီးအကဲ ခေါင်း ဆောင် များကိုပင် လျှင် အသိပေးခြင်းမရှိပါ။ လုပ်ငန်း ပြီးa မြာက်ရန် အတွက် လုပ်ဆောင်မှုကို၊ ထောက်လှမ်းမှုကိုပြုသည်။
သင်ခန်းစာ (၂)- ကိစ္စတစ်စုံတစ်ရာကိုမပြုလုပ်မီ ထုတ်ဖော်ပြော ခြင်းမရှိဘဲ တစ်ဦး တည်း အစီအစဉ် အကွက် ကျကျရေး ဆွဲ ထားသည်။
သင်ခန်းစာ (၃)- တာဝန်ပိုင်းနှင့်ဆိုင်သောအကြောင်းကိုပြောလာ ရာတွင် နေဟမိသည် မိမိဆွဲထားသောအစီအစဉ် ဘုရားရှင်၏ပို့ဆောင်တော် မူမည့်အကြောင်းကို ဦးစွာဦးစားပေးတင်ပြသည်။ ယင်းနောက်တွင် ဘုရင် မင်းကြီး၏ အမိန့်တော် အကြောင်း ကိုပြောကြားသည်။ လူအများဆက်ကပ်ရန် အတွက်မတောင်း ဆိုမီ အားပေးစကားကို အလျင်ဦးစွာပြောကြား၏။ ယုဒလူ တို့သည် တစ်ချိန်တည်းမှာပင် မည်သည့်ရောက်လာ မည့်တားဆီးနှောင့်ယှက် မှုကိုမျှမမှုတော့ဘဲ တည်ဆောက် ခြင်းအမှု ကိုပြုလုပ်ရန် စိတ်အားထက်သန်စွာ စိတ်သန္နိဌာန်ချလိုက်ကြသည်။ ဘုရားသခင်သည် နေဟမိ၏ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းကြောင့် ရှင်ဘုရင်၏စိတ်ကိုပြင်ဆင်ပေးရုံမကဘဲ ယုဒလူမျိုး များတို့၏ ရဲရင့်ခြင်းသတ္တိ ကိုလည်း ထပ်မံပြင်ဆင်ပေး၏။
နေဟမိ ၂း၁၉၊၂၀ ကိုဖတ်ပါ။ နေဟမိ၏ယုံကြည်ခြင်းအကြောင်း ကို မည်သို့ဖော်ပြသနည်း။ တရားဟော ၇း၉။ ဆာလံ ၂၃း၁-၆ နှင့် တောလည် ၂၃း၁၉ စသည့်တရားဟောချက်သည် နေဟမိအတွက်မည်သို့ အထောက်အကူပြုစေနိုင်သနည်း။
————————————————————————————————————————————–
ကျွန်ုပ်တို့ပြောသောစကားဆိုသောစကားသည် ကျွန်ုပ်တို့မည်သို့ ယုံကြည်နေထိုင်ပုံကိုပြသနေသည်။ နေဟမိသည် စိတ်ဓာတ်မြှင့်တင်ခြင်းစကား များကိုပြောဆိုသည်။ စကားပြောဆိုတိုင်း ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန် ကြောက်ရွံ့ရှက်ကြောက်ခြင်းမရှိပါ။ လူအများပြက်ရယ်သရော်ရယ်မောခြင်းကို ခံရသည့်တိုင် လုံး၀ မရှက်ကြောက်ပါ။ ရန်သူများသည် သူတို့ကိုအထင်အမြင် သေးကြောင်းကို နေဟမိသိသော်ငြားလည်း စကားပြောဆိုသောအခါတိုင်း လေသံပျော့ သော စကားမျိုး၊ ဘုရားကိုမေ့လျော့သောစကားမျိုး လုံး၀ပါးစပ်ဟ ပြောဆိုခြင်းမရှိပါ။ လွန်ခဲ့သော နှစ်ပေါင်း မြောက်မြား စွာ၌ ယောသပ်သည် အဲဂုတ္တုပြည်တွင် ဘုရားသခင်ကို ကိုးစား ယုံကြည်လျက် ချီးမြှောက်သကဲ့သို့ နေဟမိသည်လည်း ဘုရားသခင် ကိုချီးမြှောက်ရန် မရှက်မကြောက်တတ်။ ဘုရားသခင်ကိုမသိသောသူ၊ ထာ၀ရဘုရားအကြောင်းမကြားဖူးသူ၊ မယုံကြည် သူများအကြား၌ ကိုယ်တော်ကိုချီးမြှောက်ခြင်းအစဉ်ပြုလုပ်၏။

သောကြာ အောက်တိုဘာ ၁၁
ထပ်ဆင့်လေ့လာရန်

ပုရောဖက်နှင့်ဘုရင်များစာအုပ်မှ စာမျက်နှာ ၆၂၈-၆၃၄ ပါ “A Man of Opportunity” အကြောင်းကိုဖတ်ရှုပြီး ချင့်ချိန်စဉ်းစားပါ။
နေဟမိသည် ဆုတောင်းခြင်းအမှုကို ဦးစားပေးသူတစ်ဦးဖြစ်သည်။ နေဟမိသည် မိမိ၏လူမျိုးအတွက် အသက်ရှင် နေထိုင် သူ ဖြစ်သည်။ သို့သော် ဆုတောင်းခြင်း ပြုသောအခါ သန့်ရှင်းသောရည်ရွယ် ချက်တစ်ခု သူ၏စိတ်ထဲ ဝင်လာသည်။ ရှင်ဘုရင်၏ ခွင့်ပြုမိန့်ကိုသာရရှိခဲ့လျှင် သူ၏လူမျိုးအတွက်နှင့် ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ရန် ပစ္စည်း တန်ဆာ ပလာနှင့် လိုအပ်သမျှကိုရရှိပြီး ယေရုရှလင်မြို့နှင့်ဣသရေလလူမျိုးများလည်း ပြန်လည် ခိုင်မာ တောင့်တင်း လာလိမ့်မည်ဖြစ်သည်။ သို့ဖြင့် ဘုရားရှင်ကို ဘုရင်မင်းကြီး ၏စိတ်အားတို့ထိစေရန် သူဆုတောင်း၏။ သူ၏ အကြံအစည် ထမြောက် စေရန်အတွက်ဖြစ်သည်။ ]]ကိုယ်တော်ကျွန်ကို ယနေ့ကောင်းချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာ ရမည် အကြောင်း ကယ်မသနားမူပါ}} ဟု နေဟမိဆုတောင်း သည်။ နေဟမိသည် ဆုတောင်း နေရင်း ရှင် ဘုရင်ထံမှ အခွင့်အရေး ကို တောင်းဆို ရန် အချိန်လေးလ စောင့်ခဲ့ရသည်။ Ellen G. White, Prophets and Kings, pp. 629, 630.

-၀-