ဂေါ်ဖီကို ဖျော်ရည်လုပ်ပြီးသောက်ရင် ရရှိမယ့် အကျိုးကျေးဇူးများ
အခုပဲ ဂေါ်ဖီ_ဖျော်ရည်ကိုသောက်သုံးလိုက်ပါ
ဂေါ်ဖီကို ဖျော်ရည်လုပ်ပြီးသောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက အံ့မခန်းပါပဲ။
ဂေါ်ဖီဖျော်ရည်ကို အရသာရှိအောင် အလွယ်တကူ ဖျော်သောက်လို့ရမဲ့ နည်းလမ်းတွေနဲ့ကျန်းမာရေး၊အလှအပ အတွက် အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ အစာအိမ်နာတာတွေအတွက် ဂေါ်ဖီဖျော်ရည်
ဂေါ်ဖီမှာ ပါတဲ့ အချွဲဓါတ်က အစာအိမ်နဲ့ အစာချေအမြှေးပါးနံရံတွေကို အနာကျက်စေပါတယ်။ အနောက်တိုင်းကျန်းမာရေးဂျာနယ်က ထုတ်ပြန်တဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာ အစာအိမ်လူနာ ၁၃ ဦးကို ဂေါ်ဖီဖျော်ရည်နဲ့ ကုသပေးခဲ့ပြီး အဲဒီလူနာတွေဟာ တခြားလူနာတွေထက် ၁၀ ရက်ပိုပြီး ဝေဒနာသက်သာလာတာကို တွေ့ရှိခဲ့ပါတယ်။
၂။ ကင်ဆာကာကွယ်ရေးအတွက် ဂေါ်ဖီဖျော်ရည်
ဂေါ်ဖီကို အများအပြားစားသုံးတာဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်တာကို သင်သိပါသလား။
နိုင်ငံတကာ ကင်ဆာရောဂါဆိုင်ရာ ဂျာနယ်က ထုတ်ပြန်လိုက်တဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ဂေါ်ဖီဟာ_ရင်သားကင်ဆာကိုလျှော့ချပေးနိုင်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။
ဂေါ်ဖီလို ဟင်းသီးဟင်းရွက်တွေကို စားသုံးတာဟာ ရင်သားကင်ဆာအပါအဝင် ခံတွင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာ တို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
၃။ မကောင်းတဲ့ LDL ကိုလက်စထရောပါဝင်မှု နည်းပါးခြင်း
မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုမှာ ပန်းဂေါ်ဖီနဲ့ ကိုဖျော်သောက်တဲ့သူတွေဟာ တစ်ခြားဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို သောက်တဲ့သူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရော ပါဝင်မှုကို လျှော့ကျနေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
၄။ အသားအရေလှပဖို့အတွက် ဂေါ်ဖီဖျော်ရည်
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂေါ်ဖီမှာပါဝင်တဲ့ Antioxidant နဲ့ Phytochemical ဓါတ်တွေဟာ အသားအရေအတွက် အကျိုးကျေးဇူးအများအပြားဖြစ်စေပါတယ်။
ဂေါ်ဖီမှာ ကျန်းမာပြီး လှပတဲ့အသားအရေအတွက် အရေးပါတဲ့ ဗီတာမင် C ပါဝင်ပါတယ်။
ဂေါ်ဖီကို စားသုံးတာထက် ဘာလို့ ဖျော်ရည်လုပ်ပြီးသောက်သင့်လဲ။
ဘာဖြစ်လို့လဲဆိုတော့ ဟင်းသီးဟင်းရွက်ဖျော်ရည်လုပ်ပြီး သောက်သုံးတာဟာ စားသုံးတာထက် ပိုပြီး အကျိုးကျေးဇူးတွေရှိပါတယ်။
အဓိကအချက်ကတော့ ဖျော်ရည်သောက်တယ်ဆိုတာ အစာစားပြီးသွားမှ သောက်တာဖြစ်သလို အာနိသင်ကလည်း သွေးထဲကို တိုက်ရိုက် နဲ့ အလွယ်တကူ ရောက်ရှိသွားပါတယ်။
ဂေါ်ဖီဖျော်ရည်ဘယ်လိုလုပ်မလဲ။
အိမ်မှာ ဖျော်ရည်ဖျော်တဲ့စက်ရှိရင် အရမ်းကိုလွယ်ကူပါတယ်။
ပထမဦးဆုံး ဂေါ်ဖီကို ပန်းသီးရှာလကာရည် ရောပြီး ရေနွေးနဲ့ စိမ်ပေးပါ။ ပန်းသီးရှာလကာရည်ဟာ ဂေါ်ဖီမှာပါတဲ့ ဓါတုမြေသြဇာတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အော်ဂဲန်းနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ဂေါ်ဖီကို အသုံးပြုရင်တော့ ပိုကောင်းပါတယ်။ အဲဒီနောက် ဂေါ်ဖီကိုလှီးပြီး ဖျော်စက်ထဲကိုထည့်ပါ။ တကယ်လို့ ဂေါ်ဖီကို ဒီအတိုင်းမသောက်ချင်ရင် မုန်လာဥနီ နဲ့ (Celery) အီတလီနံနံပင် ထည့်နိုင်ပါတယ်။
ဂေါ်ဖီကိုစိမ်ပြီး ဘယ်လိုဖျော်မလဲ
လိုအပ်တဲ့ပစ္စည်း
၁။ ခွက် ၃ ခွက်စာ အော်ဂဲန်းနစ် ဂေါ်ဖီ
၂။ ရေကို ခွက်ရဲ့ ၄ပုံ၃ ပုံ
၃။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ ဓါးတစ်ချောင်း
၅။ အဖုံးပါတဲ့ ခွက်တစ်လုံး
ပြုလုပ်နည်း
ပထမဦးဆုံး ဓါးနဲ့ ဂေါ်ဖီကို ပါးပါးလှီးပြီး ဆားနဲ့ ရေထည့်ကာ ဖန်ခွက်ထဲကို ထည့်ပါ။ အဲဒီနောက် အဖုံးဖုံးပြီး အခန်းထဲမှာ ၃ ရက်လောက်ထားပါ။
၃ ရက်ကြာပြီးတဲ့နောက် အရည်ညစ်ထုတ်ပေးပါ။ ဖျော်ရည်ကို ရေခဲသတ္တာထဲထည့်ထားပါ။
အဲဒီနောက် ခွက်တစ်ခွက်ထဲကို ရေအညီအမျှရောပြီး သောက်သုံးပါ။
Credit: healthyworldsets
Ref: +mm