Who is a minsiter
=====အမှုတော်ဆောင် ဆိုသည်မှာ= =====
အမှုတော်ဆောင်(Minister) ဆိုသည်မှာ နိုင်ငံရေးအခေါ်အဝေါ်ဖြင့် .”ဝန်ကြီး” ဟုခေါ်၍၊ ဘာသာရေးအခေါ်အဝေါ်ဖြင့် “အမှုတော်ဆောင်” ဟုခေါ်ပါသည်။ သို့သော်စကားလုံး၏ မူရင်းအဓိပ္ပါယ်နှင့် သဘောသဘဝသဘာဝကို အောက်ပါအတိုင်းဖြစ်ပါသည်။
၁) Minister ၏ အနက်အဓိပ္ပါယ်
***************************
အမူတော်ဆောင်(သို့)ဆိုသည်မှာ အင်္ဂလိပ်လို “minister”ဟုခေါ်၍၊ ဤစကားလုံး၏မူရင်းသည် လာတင်း(Latin)ဘာသာစကားမှ ဆင်းသက်လာပါသည်။ အနက်အဓိပ္ပါယ်က “လက်အောက် ငယ်သား(a subordinanate), အစေခံ ကျွန်(a servant), အထောက်အကူ (assistant)” ဟုအနက်အဓိပ္ပါယ်သက်ရောက်ပါသည်။
#Hebrew (ဟေဗြဲဘာသာစကား)
‘ebed ဟုခေါ်၍ slave = ကျွန် (or)servant =အစေခံ၊ ပြည့်သူ့ဝန်ထမ်း၊ အိမ်ဖော် ဟုအဓိပ္ပါယ်သက်ရောက်ပါသည်။ Verb နှင့်ဆိုလျင် ‘abad = to work for another=သူတစ်ပါးအတွက် အလုပ်လုပ်သည်။ to serve another by labour = အလုပ်လုပ်ခြင်းဖြင့် သူတစ်ပါးကို အစေခံသည်။
#Greek(ဂရိတ်ဘာသာစကား)
@pais = a child= ကလေးသူငယ်, an attendant= အစောင့်, servant=အစေခံ, minister=အမှုတော်ဆောင်
@doulos = a bondman=ချည်နှောင်ခံသောသူ, a slave= ကျွန်, devoted to another to the disregard of one’s own interests= ကိုယ့်ရဲ့စိတ်ဝင်စားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတစ်ပါးထံ မိမိကိုယ်ကိုပုံအပ်သည်။
@diakoneō = minister =အမှုထမ်းဆောင်သည်, to serve = အစေခံသည်။
၂) ရောမခေတ်တုန်းက အသုံးအနှုန်း
******************************
ရောမခေတ်တုန်း၌ အမူတော်ဆောင်(minister) ဟူသောစကားလုံးသည် အိမ်ဖော်(house servant), ဗိမာန်တော်ထဲကဘဘုရားတို့၏ အစေခံ(a servant of gods in temple), ပြည်သူလူထု၏ ကျွန်(a servant of public official)ကို ဆိုလိုခြင်းဖြစ်သည်။ ထိုအချိန်အခါ၌ ရောမအင်ပါရာထဲမှာ အစေခံကျွန် သန်းပေါင်း(၆၀)နီးပါးရှိခဲ့ပါသည်။ ပရိဘောက(သို့)အရာဝတ္တုတစ်ခုကဲ့သို့သာ ထင်မှတ်ကြသည်ဖြစ်၍ ထိုကျွန်တို့ကိုရောင်းဝယ်ကြသဖြင့် လူစာရင်းထဲ၌လည်း မထည့်ခဲ့ကြပါ။ ထိုအချိန်အခါကာလ၌ အစေခံကျွန်တစ်ယောက်ဖြစ်ခြင်းသည် အလွန်းပြင်ရှက်ဖွယ် ကောင်းလှပေ၏။ထိုစကားကို သခင်ယေရှုခရစ်တော်က ရည်ရွယ်ချက်ရှိရှိနှင့် သုံးနှုန်းထားခြင်းဖြစ်ပါသည်။
၃) လောကီနိုင်ငံရေး အသုံးအနှုန်း
*****************************
@Minister ကို “ဝန်ကြီး”တဲ့။ ပြည်သူတို့၏ လေးလံနေသော ဝန်ကြီးကြီးတွေကို ထမ်းဆောင်ပေးမည့် ဝန်ကြီးပေါ့။
@Chief Minister ကိုတော့ “ဝန်ကြီးချုပ်”တဲ့။ မှန်လှပေ၏။ ပြည်သူတို့၏ ဝန်မှန်သမျှကို ချုပ်ကိုင် ထမ်းဆောင်ပေးမည့် ပုဂ္ဂိုလ်ကြီးပါ။
@ဘယ်ရှုထောင့်နှင့်ပဲပြောပြော Minister ဟူသောစကားလုံးသည် Latin ဘာသာစကားမှ ဆင်းသက်လာသော “Servant=အစေခံ”ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ တစ်နည်းအားဖြင့် ဝန်ကြီးမဟုတ်ဘဲ ဝန်ထမ်း၊ ပြည်သူ့ဝန်ကိုထမ်းပေးမည့် ပြည်သူ့အစေခံများသာဖြစ်ကြပါသော်လည်း…မိမိရာထူးနှင့် ဘွဲ့နာမ၏အနက်အဓိပ္ပါယ်ကို မသိနားမလည်/ပမာဏမထားကြဘဲ၊ ပြည့်သူ့ခေါင်းဆောင်လိုလို၊ အာဏာရှင်လိုလို၊ ပြည်သူ့ဘုရင်လိုလို သြဇာအာဏာကို လက်၌စုတ်ကိုင်လျက် ဘဝင်မြင့်နေကြသူ တစ်ပုံကြီးပါ။ ဝန်ကြီးတို့က အစေခံပေးမည့် ပြည်သူတို့ကို ပြောင်းပြန်လှန်၍ ပြည်သူကို အသုံးချလိုက်၊ ကြိမ်းမောင်းလိုက်နှင့် လုပ်စားခိုင်စားသူလည်းရှိကြောင်း သင်လက်မထောင်(ထောက်ခံ)မှာပါ။
၄) Minister ၏ သဘောသဘာဝ
***************************
@ မာန်မာနထောင်ဖို့မဟုတ်ဘဲ၊ နိမ့်ချစွာ ထမ်းဆောင်ရမည့် အလုပ်ပါ။
@ ဘုရင်ကြီးလိုသြဇာအာဏာကို အသုံးပြုလျက် လုပ်ရမည့်အလုပ်မဟုတ်ဘဲ၊ ကျေးကျွန်ကဲ့သို့ အစေခံမည့်အလုပ်ပါ။
@ စီးပွားရေးသမားကဲ့သို့ နည်းနည်းလုပ်၊များများရယူချင်သော စိတ်ဓာတ်မျိုးမထားဘဲ၊ အဖိုးအခကို ပမာဏမပြု၊ ပေးဆပ်လိုသော စိတ်ထားရှိရမည့် အလုပ်ပါ။
@ တစ်ကိုယ်ကောင်းဆန်ဆန်၊ ဇိမ်ကျကျနှင့် လုပ်ဆောင်ထမ်းရွက်ရမည့်အလုပ်မဟုတ်ဘဲ၊ ပင်ပင်ပန်းပန်း အနစ်နာခံရင်း အားတိုက်အင်တိုက်လုပ်ရမည့် အလုပ်ပါ။
@ ကိုယ့်ခြေထောက်ကို သူတစ်ပါးဆေးခိုင်းသောသူမဟုတ်ဘဲ၊ သူတစ်ပါးခြေကိုဆေးကြောပေးသော အလုပ်ပါ။
Not to be served, but to serve!
#မှတ်ချက်။ ။
“ငါကတော့ ရိပ်ခါတော်ရဆရာကြီးကွ….အဲ့ဆော်ရီး…သိင်္ခါတော်ရဆရာတော်ကြီးပဲဟဲ့”လို့ ဝါကြွားမောက်မာရမယ့် ပုဂ္ဂိုလ်မျိုးမဟုတ်သလို၊ ကိုယ့်ကိုယ်ကို သိမ်ငယ် စိတ်ပျက်မယ့်သူလည်းမဟုတ်ပါ။ ကိုယ်ပြု စုစောင့်ရှောက် ကျွေးမွေးရမယ့် ခရစ်တော်၏ သိုးစုတွေ(အသင်းသူ/သားတွေ)ကို “ဟဲ့…ငါ့လူ။ ငါ့တပည့်။”လို့ခေါ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ အမှုတော်ဆောင်များသည် ဘုရားသခင်က ခွဲခန့်ပေးထားတဲ့ ဒီအမှုတော်ကို နှိမ့်ချရိုးသားစွာ သစ္စာရှိရှိ အကြွေးမဲ့ထမ်းဆောင်ရမယ့် ခရစ်တော်၏ အစေခံကျွန်များ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘော်စိစတိုင်လ်နဲ့မနေနဲ့….အစေခံကျွန်ကဲ့သို့နေပါ။ ကောင်းကင်အသက်စစောင်ထဲ၌ ဘုရားသခင်က သင့်နာမည်ရေးသားတဲ့အခါ နာမည်ရှေ့မှာ Rev. နှင့် Dr. ထည့်ရေးမှာ မဟုတ်သလို၊ နာမည်အဆုံးမှာ (B.Th, M.Div, M.Th, Th.D, D.D, Ph.D) တွေလည်း တစ်လုံးမှ ထည့်ရေးမှာ မဟုတ်ဘူး…ဗျာ။ သေချာတာတစ်ခုက သစ္စာရှိရှိနဲ့ သူ့အစေကိုခံခဲ့ရင် “သာဓု၊ သစ္စာရှိတဲ့ ငယ်သားကောင်း(အစေခံ =servant) လို့အခေါ်ခံရမယ် အမှန်ပါ။ အစေခံကျွန် စိတ်ထားနှင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းရွက်ကြရအောင်။
ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌ လည်းရှိစေ ကြလော့။ (Phi 2:5)
ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊ (Phi 2:6)
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ (Phi 2:7)
ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်း သာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ (Phi 2:8)
ခရစ်တော်၏ အစေခံကျွန်
လင်းထွန်း
https://www.facebook.com/210544559535288/posts/420540375202371/